အိန္ဒိယပိုင် ကက်ရှ်မီးယားက စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ခြောက်ဦးကို သုတ်သင်နိုင်

အိန္ဒိယပိုင် ကက်ရှ်မီးယားက စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ခြောက်ဦးကို သုတ်သင်နိုင်

သီရိနာဂါ၊ နိုဝင်ဘာ ၂၄ ။               ။ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ အစိုးရတပ်ဖွဲ့ဝင်တွေဟာ တောင်ထူထပ်ရာ ပုန်းအောင်းနယ်မြေအတွင်း စစ်သွေးကြွ ခြောက်ဦးကို သုတ်သင်လိုက်နိုင်ပါတယ်။

“ခုနှစ်ထဲမှာတော့ အအောင်မြင်ဆုံး စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲလိုက်နိုင်တာဖြစ်ပါတယ်။ မနေ့ ညပိုင်းက စစ်ဆင်ရေးကို ဆင်နွှဲခဲ့တာပါ။ ဒီစစ်ဆင်ရေးအတွင်းမှာ စစ်သွေးကြွ ခြောက်ဦးကို သုတ်သင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။ စစ်သွေးကြွ ခြောက်ဦးရဲ့ ရုပ်အလောင်းတွေနဲ့အတူ ရိုင်ဖယ်သေနတ်တွေပါ သိမ်းဆည်းရမိပါတယ်။”လို့ ရဲထုတ်ပြန်ချက်မှှှာ ဖော်ပြပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဆော့ကစ်ပိုရာဧရိယာအရပ်မှာ အရုဏ်မတက်ခင်အထိ စစ်ဆင်ရေးဆင်နွှဲခဲ့တာလို့ ရဲသတင်းရင်းမြစ်က ဆိုပါတယ်။

တောင်စောင််းက သံသယရှိတဲ့ နေရာကို တပ်ဖွဲ့ဝင်တွေ ချည်းကပ်ချိန်မှာ စစ်သွေးကြွတွေက လှမ်းပစ်တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့တာပါ။

“လက်နက်ကိုင်တိုက်ပွဲအတွင်းမှာ စစ်သွေးကြွခြောက်ဦးကို သုတ်သင်လိုက်နိုင်တယ်။”လို့ သီရိနာဂါအခြေစိုက်စခန်းမှ စစ်တပ်ပြောခွင့်ရသူတစ်သိးက ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly