မွန်ပြည်နယ်ရေကြီးမှုများကြောင့် မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ် ပြေးဆွဲပေးမည်

မွန်ပြည်နယ်ရေကြီးမှုများကြောင့် မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ် ပြေးဆွဲပေးမည်
Photo - AFP
 

 

ရန်ကုန်၊ ဇူလိုင် ၂၈  ။                ။ မွန်ပြည်နယ်အတွင်း ရေကြီး၊ ရေလျံမှုများကြောင့် ခရီးသွားပြည်သူများအဆင်ပြေစေရန် ရန်ကုန်-မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ်အား ပြေးဆွဲသွားမည်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဇူလိုင်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

၎င်း ရန်ကုန်-မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline)က ပြေးဆွဲပေးမည်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့လယ် ၁၁နာရီ ၃၀ မိနစ်အချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ကာ မွန်ပြည်နယ်တွင်လည်း နေ့လယ်ပိုင်းအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်-မော်လမြိုင်က အရင်ကတည်းက တစ်ပတ်ကိုတစ်ရက်ဆွဲတယ်။ လေယာဉ်လက်မှတ်ခက ငါးသောင်းကျတယ်။ ဒါပေမယ့် အခုလောလောဆယ်အဲဒီမှာရေကြီးနေတယ်ဆိုလို့ တစ်ပတ်မှာ တစ်ရက်အပြင် ၃၁ ရက်နေ့ကိုပါထပ်တိုးပေးထားတယ်။ ပုံမှန် Flight က တစ်စီးတည်းရှိတယ်။ တနင်္လာနေ့ကို သုံးစီးဆွဲထားပေးတယ်။ပြီးတော့ ၃၁ ရက်နေ့ကို နောက်ထပ်တစ်စီးတိုးထားပေးတယ်" ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၆ရက်နှင့် ၂၇ ရက်နေ့များမှစ၍ မွန်ပြည်နယ်ရှိ ဘုရားကြီး- မော်လမြိုင်- ထားဝယ်- ကော့သောင်း အဝေးပြေးလမ်းမကြီးနှင့် ရထားလမ်းပိုင်းများကို ရေကြီးရေလျံမှုများကြောင်း ယာယီ ပိတ်ထားခဲ့ရပြီး ယင်းအခြေအနေများကြောင့် လေကြောင်းခရီးစဉ်များကို တိုးချဲ့ထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required