အိုဘားမားက မွတ်စလင်ဖြစ်ဟု ရီပတ်ဘရီကန်အများစု ယုံကြည်

အိုဘားမားက မွတ်စလင်ဖြစ်ဟု ရီပတ်ဘရီကန်အများစု ယုံကြည်

ထင်မြင်မှုမဲစစ်တမ်းတစ်ရပ်တွင် အမေရိကန်နိုင်ငံ၏ ပထမဆုံး လူမည်းသမ္မတ အိုဘားမားက မွတ်စလင်တစ်ဦးဖြစ်သည်ဟု ရီပတ်ဘရီကန်အမတ်အများစုက ယုံကြည်ထင်မြင်ကြသည်။

သမ္မတအိုဘားမားက မွတ်စလင်ဖြစ်သည်ဟု ယုံကြည်သူ ရီပတ်ဘရီကန်အမတ်များစု၏ မဲရာခိုင်နှုန်းမှာ ၅၄ ရာခိုင်နှုန်းရှိကြောင်း ဆန်းစစ်ချက်အရသိရသည်။

မဲရလဒ်၏ ၃၂ ရာခိုင်နှုန်းက အိုဘားမားသည် မွတ်စလင် သို့မဟုတ် ခရစ်ယာန်ဖြစ်မဖြစ် မကျိန်းသေကြောင်း ဆိုပြီး ၁၄ ရာခိုင်နှုန်း ရီပတ်ဘရီကန်များကသာ ခရစ်ယာန်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

အိုဘားမားကိုယ်တိုင်က အီစတာကဲ့သို့သော ပွဲတော်များတွင် ခရစ်ယာန်အပေါ် ယုံကြည်မှုကို ပွင့်ပွင့်လင်းလင်းပြောဆိုထားသည်။

MSNBC က ယခုကဲ့သို့ သမ္မတအိုဘားမားနှင့် ပတ်သက်ကာ မဲကောက်ယူ စစ်တမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတ အိုဘားမား၏ ကိုးကွယ်ရာဘာသာနှင့် မွေးဖွားဇာတိနှင့် ပတ်သက်ကာ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတဖြစ်စဉ်မှစကာ အငြင်းပွားမှုများရှိထားသည်။

အိုဘားမား၏ ဖခင်ဖြစ်သူမှာ ကင်ညာနိုင်ငံသားတစ်ဦးဖြစ်သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required