မကွေးတိုင်းတွင် ရာနှုန်းပြည့်အမှိုက်သိမ်းဆည်းနိုင်ရေး ၃ နှစ်အတွင်း အကောင်အထည်ဖော်မည်

မကွေးတိုင်းတွင် ရာနှုန်းပြည့်အမှိုက်သိမ်းဆည်းနိုင်ရေး ၃ နှစ်အတွင်း အကောင်အထည်ဖော်မည်

မကွေး၊ ဇွန်လ ရ ။            ။ မကွေးတိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် ရာခိုင်နှုန်းပြည့် အမှိုက်သိမ်းဆည်းနိုင်မှုကို သုံးနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“ လက်ရှိအခြေအနေမှာ ရ၀ ရာခိုင်နှုန်းအထိ သိမ်းဆည်နိင်ပြီး နောက်သုံးနှစ်အတွင်း ရာခိုင်နှုန်းပြည့် သိမ်းဆည်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောသည်။

မကွေးတိုင်းဒေသကြီးတိုင်းအစိုးရအဖွဲ့မှ တစ်မြို့နယ်ကို အမှိုက်သိမ်းယာဉ်တစ်စီး ထောက်ပံ့ပေးထားမှုကြောင့် လက်ရှိအမှိုက်သိမ်းဆည်းနိုင်မှုမှာ ရ၀ ရာခိုင်နှုန်းသာ သိမ်းဆည်းနိင်သေးပြီး မူလက ၆၀ ရာခိုင်နှုန်းခန့်သာ အမှိုက်သိမ်းဆည်းနိုင်ကြောင်း၊ သိရသည်။

“ လက်ရှိ မြို့ပေါ် အဓိကလမ်းတွေမှာ နေ့စဉ်အမှိုက်သိမ်းတယ်၊ ရပ်ကွက်တွေမှာ ၂ ရက် တစ်ခါ၊ အမှိုက်သိမ်း ပါတယ်၊ ဘယ်လောက်သိမ်းသိမ်း ၊ စည်းကမ်းမဲ့ အမှိုက်တွေပစ်နေတော့ အမှိုက်တွေ ရ၀ ရာခိုင်နှုန်းလောက်ဘဲ သိမ်းနိင်ပါသေးတယ်၊လာမယ့်(၃)နှစ်မှာ အမှိုက်တွေ အပြည့်အဝ သိမ်းနိင်ဖို့ ယာဉ်စက်ယန္ထရားတွေ၊ စက်သုံးဆီ၊ ဝန်ထမ်းတွေ တိုးချဲ့ခန့်ထားပြီး ဆောင်ရွက်ဖို့ လုပ်နေပါတယ်” ဟု ဦးထင်အောင်က ပြောသည်။

မကွေးမြို့တွင် တစ်နေ့လျှင် အမှိုက်တန်ချိန် ၆၀ ခန့် သိမ်းဆည်းနေရပြီး တိုင်းအတွင်းရှိ မြို့နယ်များတွင် အမှိုက်များအား မီးရှို့ဖျက်ဆီးခြင်း၊ လျှပ်စစ်စွမ်းအင်ထုတ်ယူခြင်း၊ မြေသြဇာထုတ်ယူခြင်းစသည့် နည်းလမ်း တို့ဖြင့် ရှင်းလင်းနိုင်ခြင်းမရှိသေးသဖြင့် အမှိုက်စွန့်ပစ်မှုတွင် အခက်အခဲဖြစ်နေကြောင်း သိရသည်။

လတ်တလော မကွေးမြို့တွင် မြို့ပြလူနေမှုတိုးချဲ့လာသဖြင့် အမှိုက်ပုံနှင့် လူနေအိမ်များ နီးကပ်လာမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ အခက်အခဲများကို ကျော်လွှားနိင်ရန်နှင့် လာမည့် ၃ နှစ်အတွင်း ရာနှုန်းပြည့် အမှိုက်သိမ်းနိင်ရန်နှင့် မီးရှို့စက် ဆောက်လုပ်ရန် ပြင်သစ်နိုင်ငံ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း တိုင်းစည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required