ဖိလစ်ပိုင်နိုင်ငံ၌ ပထမဦးဆုံး ကမ္ဘာ့စက်ဘီးများနေ့ ကျင်းပ

ဖိလစ်ပိုင်နိုင်ငံ၌ ပထမဦးဆုံး ကမ္ဘာ့စက်ဘီးများနေ့ ကျင်းပ

မနီလာ၊ ဇွန် ၃ ။           ။ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမြို့ရှိလမ်းမများပေါ်၌ တနင်္ဂနွေနေ့တွင် ရာပေါင်းများစွာသောစက်ဘီးသမားများ သည် ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့စက်ဘီးများနေ့ ကျင်းပသည့်အနေဖြင့် မြို့အနှံ့စက်ဘီးစီးခဲ့ကြသည်။

စက်ဘီးသမား ၅၀၀ ကျော်ခန့်သည် မနီလာမြို့အနှံ့ ၁၅ ကီလိုမီတာခန့် စက်ဘီးစီး၍ လှည့်လည်ခဲ့ကြခြင်းဖြစ် ကြောင်း သတင်းထောက်များက ဆိုခဲ့သည်။

မနီလာမြို့တော်အစိုးရက ၄င်းတို့၏အမှုထမ်းများကိုအသုံးပြုပြီး စက်ဘီးသမားများ ဘေးကင်းလုံခြံုစွာ စက်ဘီးစီးနိုင်ရန်အတွက် ယာဉ်ကြောရှင်းပေးခဲ့ကြသည်။

ပြီးခဲ့သောဧပြီလတုန်းက ကမ္ဘာ့ကုသလမဂ္ဂမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုရှေးရှုပြီး ဇွန်လ ၃ ရက်နေ့ တွင် ကမ္ဘာ့စက်ဘီးများနေ့ကျင်းပရန် သတ်မှတ်ခဲ့ကာ ယင်းနေ့ထူးနေ့မြတ်ကို ပါ၀င်ဆင်နွှဲခဲ့ကြသည့် အချို့သော စက်ဘီးသမားများသည် ၄င်းတို့၏စက်ဘီးလက်ကိုင်ပေါ်၌ ပလတ်စတစ်ကင်းစင်ရေးအတွက် နှိုးဆော်ထားသော စာတန်းများကိုချိတ်ဆွဲကာ စက်ဘီးနင်းခဲ့ကြသည်။

စက်ဘီးစီးနင်းကာ မြို့တွင်းလှည့်လည်မှုကို မနက်အစောပိုင်းတွင် အာရိုစီးရော့စ် ဖောရက်စ်ပါ့ခ်မှစတင်ခဲ့ကြပြီး ပါကိုစျေးသို့ဦးတည်ကာ မြို့တွင်းမှလှည့်လည်စီးနင်းခဲ့ကြခြင်းဖြစ်ကြောင်း Firefly Brigade ၏အဆိုအရ သိရသည်။

ယင်းပွဲတော်၌ အခကြေးငွေပေးချေစရာမလိုပဲ မည်သူမဆိုပါ၀င်ခွင့်ရှိပြီး စက်ဘီးသမားများအနေဖြင့် သန့်ရှင်းထားသော အသုံးပြုပီးသား ပလတ်စတစ်ရေဘူး ၅ ဘူးစီကို ယူဆောင်လာဖို့ Firefly Brigade က နှိုးဆော်ခဲ့ပြီး ပလတ်စတစ်အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေကြောင်း သတိပြုမိဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

“စက်ဘီးစီးနင်းခြင်းဟာ စီးနင်းသူရဲ့ ကျန်းမာရေးအတွက်သာမက သဘာဝပတ်ဝန်းကျင်အတွက်ပါ ကောင်းမွန် စေပါတယ်” ဟု ကမ္ဘာ့စက်ဘီးများနေ့ကို စီစဉ်ကျင်းပသည့် Firefly Brigade အဖွဲ့မှ ဥက္ကဌဖြစ်သူ ဂျွန်ယာဘတ် က ဆိုခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂက စက်ဘီးများအား ကမ္ဘာတစ်ဝန်းမှ လူပေါင်း တစ်ဘီလျံကျော်အတွက် အရေးပါသော သယ်ယူပို့ဆောင်ရေး ပစ္စည်းတစ်ခုအဖြစ် အသိအမှတ်ပြုပြီး ကျန်းမာရေးအတွက်သာမက သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းအတွက်ပါ အရေးပါသောကဏ္ဍမှပါ၀င်ကြောင်း ရည်ညွှန်းသည့်အနေဖြင့် ကမ္ဘာ့စက်ဘီးများနေ့ကို ကျင်းပခြင်းဖြစ်သည်ဟု ကုသလမဂ္ဂဝက်ဘ်ဆိုက်စာမျက်နှာ၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required