ဆက်သွယ်ရေးဥပဒေပြင်ဆင်ပြီးနောက်ပိုင်း ၆၆ (ဃ) ၊၂၅ မှု ရှိလာ

ဆက်သွယ်ရေးဥပဒေပြင်ဆင်ပြီးနောက်ပိုင်း ၆၆ (ဃ) ၊၂၅ မှု ရှိလာ
ဓာတ်ပုံ - သူရ

မေ ၂။                    ။ ဆက်သွယ်ရေးဥပဒေပြင်ဆင်ပြီးနောက်ပိုင်း မေလ ၂ ရက်နေ့အထိ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသော အမှုအရေအတွက် ၂၅ မှု ရှိလာသည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ - အသံ မှ သိရသည်။

ဆက်သွယ်ရေးဥပဒေသစ်ပြင်ဆင်ပြီး နောက်ပိုင်း ပေါ်ပေါက်လာသောအမှုများ များလာခြင်းကြောင့် ပြင်ဆင် လိုက်သော ဥပဒေသည်ထိရောက်မှုအားနည်းနေကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ - အသံ မှ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကပြောသည်။

“အဓိကတော့ ဥပဒေသစ်ပြင်ဆင်ပြီးတဲ့ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့အမှုတွေ များနေတာကို ပြချင် တယ်။ ဒါကိုပြခြင်းအားဖြင့် ပြင်လိုက်တဲ့ ဥပဒေဟာထိရောက်မှုမရှိဘူး။ ထပ်ပြီးတော့ ပြင်ရမယ်။ အထူး သဖြင့် ပြင်တဲ့ထဲမှာ ၆၆(ဃ)ဟာ မရှိသင့်ဘူး။ ပယ်ဖျက်ဖို့လိုအပ်တယ်ဆိုတာ သက်သေပြချင်တယ်။ အဲဒီ အတွက် လစဉ် ဒါနဲ့ပတ်သတ်ပြီး တွေ့ရှိချက်တွေ ပုံမှန်ထုတ်ပြန်ပေးနေတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ယခင်အစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံရသော အမှုအရေအတွက် ၁၁မှု ရှိခဲ့ပြီး လက်ရှိ အစိုးရလက်ထက်တွင် ဥပဒေမပြင်ဆင်ရသေးခင်အချိန်၌ တရားစွဲခံရသော အမှု ၈၉မှု နှင့် ဥပဒေပြင်ဆင်ပြီးနောက် တရားစွဲခံရသည့်အမှု ၂၅မှု ရှိကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ - အသံ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းအမှုများထဲတွင် တပ်မတော်မှ တရားစွဲဆိုခဲ့သောအမှု ရမှု၊ NLDပါတီမှ တရားစွဲဆိုခဲ့သည့်အမှု ရမှု၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်၍ ကြားလူများက တရားစွဲဆိုခဲ့ သောအမှု ၁၀မှုနှင့် သတင်းမီဒီယာသမားများအပေါ် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုထားမှု ၁၆မှု ရှိပြီး သတင်းသမား ၂၄ ဦး တရားရင်ဆိုင်နေရကြောင်း သိရသည်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအဖြစ် ၂၀၁၇ သြဂုတ် ၂၉တွင် ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတမှ လက်မှတ်ထိုးပြဋ္ဌာန်းခဲ့သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ - အသံ သည်ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် အလေးထားဆောင်ရွက်နေသော လူငယ်များ စုစည်း လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို လူထုကြားတွင် ပိုမိုမြင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required