ရန်ကုန်မြို့တွင်းရှိ မြို့နယ် အတော်များများတွင် ထိန်ပင်အမှိုက်ပုံမှ ညှော်နံ့များရရှိ

ရန်ကုန်မြို့တွင်းရှိ မြို့နယ် အတော်များများတွင် ထိန်ပင်အမှိုက်ပုံမှ ညှော်နံ့များရရှိ
Photo-EPA/NYEIN CHAN NAING

ရန်ကုန် ၊ ဧပြီ ၂၄ ။          ။ သုံးရက်ကြာ လောင်ကျွမ်းနေသည့် လှိုင်သာယာထိန်ပင်အမှိုက်ပုံမှ ထွက်ရှိလာသည့်  မီးခိုးညှော်နံ့များသည် ယနေ့ ဧပြီ လ ၂၄ ရက်နေ့ ညနေပိုင်းခန့်တွင် ရန်ကုန်မြို့ မြို့နယ်အတော်များများတွင် ခံစားသိရှိနေရကြောင်း သိရသည်။

ဧပြီလ ၂၄ ရက် ည ၉ နာရီအချိန်ထိ ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သော စမ်းချောင်း၊ အလုံ၊ လမ်းမတော်၊ လသာ၊ပုဇွန်တောင် ၊ရန်ကင်း၊ တာမွေ၊ ဗဟန်း ၊ သာကေတ ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့် စသည့် မြို့နယ်များမှ အမှိုက်ညှော်နံ့ များ ရရှိနေခြင်းဖြစ်သည်။

" ည ရ နာရီခွဲလောက်မှာ လမ်းမှာ လူတွေ ရုတ်ရုတ် နဲ့ဖြစ်လို့ ထွက်ကြည့်တော့မှ ညှော်နံ့တွေရတာ။ မီးခိုးတွေလည်း အလုံးလိုက်ဆိုတော့ အနီးအနားက ထင်လို့ ။လောလောဆယ်ထိတော့ အနံ့ကျန်သေးတယ် " ဟု ကြည့်မြင့်တိုင်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က စတင်ပြီး ဧရိယာစတုရန်း ၃၀၀ ရှိ လှိုင်သာယာထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၄ ရက်အကြာတွင် ရန်ကုန်မြို့တွင်းမြို့နယ်များတွင် ညှော်နံ့များ စတင်ခံစားရနေခြင်းဖြစ်သည်။

"အနံံ့တွေက ​လေ​ကြောင်​း​ပြောင်​းသွားလို့​လေ ။ ​လေ​ကြောင်​း​ပြောင်​းရင်​​ ပြောင်​းတဲ့ဘက်​ကိုသွားတာဆို​တော့။ ငြိှမ်​းတာ​တော့ငြိှမ်​း​နေကြတုန်​းပဲ။ ကျွန်​​တော်​က​နောက်​တန်​းက​နေ ​ရေပို့​ပေးတဲ့​နေရာ​ ရောက်​​နေတာဆို​တော့​လေ"ဟု လှိုင်​သာယာအမှိုက်​ပုံမီး​လောင်​မှုတွင်​ ပါဝင်​ငြှိမ်​းသတ်​နေသည်​့ စမ်​း​ချောင်​းမြို့နယ်​ အရန်​မီးသတ်​တပ်​ဖွဲ့မှ ကိုရဲသူရိန်​က​ပြောသည်​။

အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်မှုများရှိနေသော်လည်း မီးလာင်မှုကြောင့် ထွက်ရှိလာသည့် ညော်နံ့များနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရက မည်ကဲ့သို့ဖြေရှင်းမည်ဆိုသည့် ကြေညာချက် ထွက်ပေါ်လာခြင်းမရှိပေ။

လက်ရှိတွင် လှိုင်​မြို့နယ်​၊  သီရိ ၄ လမ်​းတွင်​ မီး​လောင်​မှုဖြစ်​ပွား​ကြောင်​း မီးသတ်သို့သတင်းပေးပို့ခဲ့ရာ ဖြစ်ရပ်မှန်မှာ လှိုင်​သာယာမှ အမှိုက်​ပုံ ​ညှော်​နံ့ရခြင်​းကို ပြည်​သူတစ်​ဦးက မီး​လောင်​​နေသည်​ဟု မှားယွင်​းသတင်​း​ပေးပို့ခြင်​းသာ ဖြစ်​ကြောင်း မြန်မာနိုင်ငံမီးသတ်မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required