အခြေခံစစ်သင်တန်းပြီးဆုံး၍ တာဝန်များ စတင်ထမ်းဆောင်နေသည့် အဆိုတော် G-Dragon

အခြေခံစစ်သင်တန်းပြီးဆုံး၍ တာဝန်များ စတင်ထမ်းဆောင်နေသည့် အဆိုတော် G-Dragon

တောင်ကိုရီးယား၏ နာမည်ကြီး အမျိုးသားပေါ့ပ်ဂီတအဖွဲ့ BIGBANG မှ အဖွဲ့ဝင်အဆိုတော်တစ်ဦးဖြစ်သူ G-Dragon သည် မကြာသေးခင်က အခြေခံစစ်သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်ခဲ့ပြီးနောက် တရားဝင် တာဝန်များကို စတင်ထမ်းဆောင်နေပြီဖြစ်သည်။

အတွင်းသတင်းများအရ G-Dragon သည် သူ၏ အခြေခံစစ်သင်တန်း၏ သင်တန်းပြီးဆုံးမှု အခမ်းအနားကို ဧပြီလ ၅ ရက် နေ့တွင် တက်ရောက်ခဲ့သည်။ သူသည် အမှတ် ၃ ခြေလျင်တပ်မရှိ တပ်သားသစ်လေ့ကျင့်ရေး စင်တာ၌ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က စာရင်းပေးသွင်းကာ သင်တန်း ၅ ပတ်ခန့်တက်ရောက်ခဲ့သည်။

သင်တန်းကာလအတွင်း သူသည်ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ထူးချွန်မှုများကို ပြသနိုင်ခဲ့ သည့်အတွက် သူသည် အမှတ် ၃ ခြေလျင်တပ်မတွင် တရားဝင်တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

G-Dragon သည် လာမည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှသာ စစ်မှုထမ်းတာဝန်ပြီးဆုံးမည်ဟု သိရ သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required