အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ဧပြီလ ၁ ရက်တွင် စတင်မည်

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ဧပြီလ ၁ ရက်တွင် စတင်မည်

မတ် ၂၀ ။            ။ အမေရိကန်နှင့် တောင်ကိုရီးယားအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို လာမည့် ဧပြီလ ၁ ရက်တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှစ်ဘက်တာဝန်ရှိသူများက မတ်လ ၂၀ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

လက်ရှိကာလ၌ မြောက်ကိုရီးယားနှင့် တင်းမာမှု လျော့ကျလာနေပြီး စေ့စပ်ဆွေးနွေးမည့် အလားအလာများ ရှိနေသည့်တိုင်  အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပရန် စီစဉ်လာခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ပြုံချန်း အိုလံပစ်ပြိုင်ပွဲ ကျင်းပခဲ့ရမှုကြောင့် နှစ်နိုင်ငံအကြား စစ်ရေးလေ့ကျင့်မှု နှောင့်နှေးကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း ဆိုးလ်မြို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

" စစ်ရေးလေ့ကျင့်မှုတွေကို လာမယ့် ဧပြီမှ တစ်လတာ ကျင်းပပါမယ်၊ ခုလို နှောင့်နှေးခဲ့ရကလည်း အိုလံပစ်ပွဲ ရှိနေခဲ့တာရယ်၊ နှစ်ဘက်စစ်တပ်တွေမှာလည်း ကိုယ်စီလုပ်စရာ အစီအစဉ် အသီးသီး ရှိနေခဲ့လို့ ဖြစ်ပါတယ်" ဆိုပြီး  ၎င်းက ပြောသည်။

ယမန်နှစ်က အဆိုပါ အမေရိကန်နှင့် တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုများကို မတ်လ မှ ဧပြီလအထိ နှစ်လတာ ကျင်းပခဲ့သည်။ ယခုနှစ် ကျင်းပမှုကိုတော့ ယမန်လက တောင်ကိုရီးယားအိုလံပစ်ပွဲနှင့် တိုက်နေမိစိုးသဖြင့် နောက်ဆုတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required