အာဖဂန်နစ္စတန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး လူ ၉ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး လူ ၉ ဦးထက်မနည်း သေဆုံး

 

မတ် ၁၀ ။                ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ရှီးယိုက်မွတ်ဆလင်အများစုနေထိုင်ရာ ဧရိယာတစ်ခုမှာ မတ်လ ၉ ရက်နေ့က အသေခံဖောက်ခွဲရေးသမားတစ်ဦးက ၎င်းကိုယ်ကိုယ် ဖောက်ခွဲသွားခဲ့လို့  လူပေါင်း ၉ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စစ်ဒဏ်ခံ အဆိုပါ အာဖဂန်မြို့တော်တွင် ယခုနောက်ပိုင်းကာလများအတွင်း စစ်သွေးကြွများဘက်က ယခုကဲ့သို့ တိုက်ခိုက်မှုများနှင့်အတူ ပိုမိုဖိအားပေးလာမှုများ ရှိလာနေလျက်ရှိသည်။

ယခုတိုက်ခိုက်မှုမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ထုတ်ဖော်သွားခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် ယခုတစ်ကြိမ် အသေခံဗုံးခွဲတိုက်ခိုက်မှုသည် ရက်သတ္တပတ်နှစ်ပတ်အတွင်း သုံးကြိမ်မြောက် ပေါ်ပေါက်လာသည့် တိုက်ခိုက်မှုဖြစ်စဉ်လည်း ဖြစ်လာခဲ့သည်။

ယခုတစ်ကြိမ် တိုက်ခိုက်မှုဖြစ်စဉ်တွင် အခြား လူပေါင်း ၁၈ ဦးအထိ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ သေဆုံးသွားသူများအနက် နှစ်ဦးမှာ ရဲဝန်ထမ်းများဖြစ်ပြီး ကျန်သူများကတော့ အရပ်သားများဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required