မြန်မာပြည်အလယ်ပိုင်းမှ လူ ၁ ဒသမ ၃၄ သန်းကိုကူညီနိုင်ခဲ့ကြောင်း USAID နှင့် ပက်မြန်မာတို့ပူးတွဲထုတ်ပြန်

မြန်မာပြည်အလယ်ပိုင်းမှ လူ ၁ ဒသမ ၃၄ သန်းကိုကူညီနိုင်ခဲ့ကြောင်း USAID နှင့် ပက်မြန်မာတို့ပူးတွဲထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ။           ။ အမေရိကန်နိုင်ငံတကာဖွံဖြိုးရေးအေဂျင်စီ (USAID) နှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများဆောင်ရွက်နေသည့် (Pact Myanmar) တို့ပူးပေါင်းဆောင်ရွက် ခဲ့ရာ မြန်မာပြည်အလယ်ပိုင်းဒေသနှင့် ကယားပြည်နယ်အတွင်းရှိ ကျန်းမာရေးနှင့် အသိုက်အဝန်းဖွံဖြိုးရေးလုပ်ငန်းများတွင် လူ ၁ ဒသမ ၃၄ သန်းကို ကူညီနိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့နှစ်ခုမှပူးပေါင်းထုတ်ပြန်သည်။

မိခင်နှင့် ကလေးသေဆုံးမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံမှုတိုးမြင့်ရေး၊ သန့်ရှင်းသောသောက်ရေပိုမိုရရှိရေး၊ တစ်ကိုယ်ရေကျန်းမာမှု ပိုမိုတိုးတတ်ရေးနှင့် လူမှုအဖွဲ့အစည်း ပိုမိုအားကောင်းစေရေးတို့အတွက် USAID မှ အမေရိကန်ဒေါ်လာ သန်း ၇၀ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စများအတွက် မြန်မာပြည်အလယ်ပိုင်းဒေသနှင့် ကယားပြည်နယ်အတွင်းရှိ ဖော်ဆောင်နေသောစီမံကိန်းများသည် လာမည့် ၂၀၁၈ ခုနှစ် မတ် လအတွင်း ပြီးဆုံးတော့မည်ဖြစ်ကြောင်းလည်း ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ်ပြန်စာတွင်ဖော်ပြထားသည်။

USAID ၏ကူညီမှုကြောင့် လူပေါင်း ၆၄၄ ၀၀၀ သည် သယ်ယူရွေ့ပြောင်းနိုင်သောရေများရရှိထားပြီး တောင်သူလယ်သမား ၆၆၀၀၀ ကျော်မှာ စိုက်ပျိုးရေး နည်းစနစ်များရရှိကာ ကျေးရွာပေါင်း ၁၃၆၀တွင် ကျေးရွာဖွံဖြိုးရေးအတွက်အသုံးပြုနိုင်ရန် ရန်ပုံငွေ ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းရရှိခဲ့ ကြောင်းလည်း ထုတ်ပြန်စာတွင်ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required