အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည့်ဆိုသော စွပ်စွဲချက်များကို စတားလုံးငြင်းဆန်

အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည့်ဆိုသော စွပ်စွဲချက်များကို စတားလုံးငြင်းဆန်

 

နာမည်ကျော်မင်းသားကြီး ဆီဗက်စတြာစတားလုံးက သူသည် လွန်ခဲ့သော ၁၉၉၀ ခုနှစ်များက အမျိုးသမီး တစ်ဦးကို ဗလက္ကာယပြုကျင့်ခဲ့သည်ဆိုသော စွပ်စွဲချက်များအား ငြင်းဆန်ခဲ့ပြီး ထိုစွပ်စွဲချက်များသည် လုပ်ကြံ ပြောဆိုနေခြင်းများဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

နာမည်ကျော်ကြားသူများ၏ သတင်းများကိုဖော်ပြနေသော TMZ သတင်းဝက်ဘ်ဆိုက်က ဥပဒေထိန်းသိမ်းရေး အဖွဲ့မှ အချက်အလက်များကို ကိုးကား၍ လွန်ခဲ့သော ၁၉၉၀ ခုနှစ်များက မင်းသားကြီးစတားလုံးသည် သူမကို ဗလက္ကာယပြုကျင့်ခဲ့သည်ဟု ဆန်တာမိုနီကာရဲစခန်းကို အမျိုးသမီးတစ်ဦးက လာရောက်ပြီးအမှုဖွင့်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

စတားလုံး၏ရှေ့နေဖြစ်သော မာတင်ဆင်ဂါက ထိုအမျိုးသမီးသည် လွန်ခဲ့သော ၂၇ ခုနှစ်ခန့်က သူမကို စတားလုံးက မုဒိမ်းကျင့်ခဲ့သည်ဟု ရဲစခန်းကိုသွားရောက်၍ အမှုဖွင့်ခဲ့ကြောင်း အတည်ပြုပေးခဲ့သည်။

“ကျနော့်ရဲ့အမှုသည်က ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်” ဟု ဆင်ဂါက ဆိုခဲ့ပြီး ထိုအမျိုးသမီးအား ပြန်လည်အမှုဖွင့်ရန် စတားလုံးဘက်မှ စီစဉ်ထားသည်ဟု ပြောဆိုခဲ့သည်။

ကယ်လီဖိုးနီယားပြည်နယ်ရှိ ကမ်းခြေမြို့ဖြစ်သော ဆန်တာမိုနီကာမြို့မှ ရဲစခန်းက Rocky ဇာတ်ကား၏ မင်းသားကြီးကို စွပ်စွဲထားသောအမှုအတွက် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အသက် ရ၁ နှစ်အရွယ်ရှိ မင်းသားကြီးစတားလုံးသည် ၁၉၇၆ ခုနှစ်ကထွက်ရှိခဲ့သော အော်စကာဆုရ လက်ဝှေ့ ဇာတ်ကား Rocky ဖြင့် နာမည်ကျော်ကြားခဲ့သူဖြစ်ပြီး ထိုမှတဆင့် Rambo နှင့် Rocky ဇာတ်ကားများဖြင့် ဟောလိ၀ုဒ်စင်မြင့်သို့ ရောက်ရှိခဲ့သူတစ်ဦးဖြစ်သည်။

Ref: Reuters

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required