တာဝန်ခံအင်ဂျင်နီယာနှင့် အလုပ်သမား ရ ဦး ဖမ်းဆီးခံရသည်မှာ TNLA မဟုတ်ဟု ဆို

တာဝန်ခံအင်ဂျင်နီယာနှင့် အလုပ်သမား ရ ဦး ဖမ်းဆီးခံရသည်မှာ TNLA မဟုတ်ဟု ဆို

 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ။                        ။ လားရှိုး-မူဆယ် လမ်းမပေါ် လမ်းခင်းနေသော တာဝန်ခံအင်ဂျင်နီယာ အပါအဝင် အလုပ်သမား  ရ ဦး ဖမ်းဆီးခံရသည်မှာ TNLA ဘက်မှ ဖမ်းဆီးခြင်းမဟုတ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာအနီး လားရှိုး- မူဆယ်သွား လမ်းမကြီးအပေါ်၌ လမ်းပြုပြင်ခြင်း ၊ လမ်းခင်းခြင်းများ ပြုလုပ်ဆောင်ရွက်နေသည့် တာဝန်ခံအင်ဂျင်နီယာ ဦးသက်နိုင်ဦး အပါ အဝင် ၀န်ထမ်းအမျိုးသား ခုနှစ်ဦး အား လက်နက်ကိုင်အဖွဲ့တစ်ခုမှ  ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

အဆိုပါ အင်ဂျင်နီယာနှင့် အလုပ်သမားများအား ဖမ်းဆီးခေါ်ဆောင်သွားသည့် အဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/KIO) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒီဇင်ဘာလ ၁၄ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထား သည်။

အဆိုပါ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အင်ဂျင်နီယာနှင့် အလုပ်သမားများအား တအာဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မဟုတ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"အဲ့ဒါ ကျွန်တော်တို့မဟုတ်ပါဘူး။ အောက်ခြေအဖွဲ့တွေအထိ အကုန်ပြန်မေးကြည့်ပြီးသွားပြီ။ ကျွန်တော်တို့အဖွဲ့ လုပ်တာ မဟုတ်ဘူး။ ဒီမှာက လက်နက်ကိုင်အဖွဲ့တွေများတယ်။ ပြည်သူ့စစ်တွေများတယ်၊ လုပ်စား ပြည်သူ့စစ် တွေလည်း များတယ် ခင်ဗျ" ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဆိုသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) အနေဖြင့် အစိုးရဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required