ဓာတုအဆိပ်ရည်ဖြင့် တိုက်ခိုက်လုပ်ကြံခံခဲ့ရသည့် ကင်မ်ဂျုံနမ်ထံတွင် အဆိပ်ဖြေဆေး ကြိုပါလာခဲ့ဟု ဆို

ဓာတုအဆိပ်ရည်ဖြင့် တိုက်ခိုက်လုပ်ကြံခံခဲ့ရသည့် ကင်မ်ဂျုံနမ်ထံတွင် အဆိပ်ဖြေဆေး ကြိုပါလာခဲ့ဟု ဆို

ဒီဇင်ဘာ ၁ ။             ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်း၏ ၀မ်းကွဲအကို ကင်မ်ဂျံုနမ် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်တွင် ဓာတုအဆိပ်ရည်ဖြင့် တိုက်ခိုက်လုပ်ကြံခံရစဉ်တုန်းက ၎င်းထံတွင် အဆိပ်ဖြေဆေးတစ်မျိုး အသင့်ရှိနေခဲ့ကြောင်း တရားခံဘက်မှ ရှေ့နေတစ်ဦးက ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ ဖအေတူ မအေကွဲ အကို ကင်မ်ဂျံုနမ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်တွင် VX အဆိပ်ရည်ဖြင့် သုတ်လိမ်းတိုက်ခိုက်ခံရပြီး   သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တိုက်ခိုက်ခံရချိန်တုန်းက ကင်မ်ဂျံုနမ်၏ ကျောပိုးအိတ်ထဲတွင် VX အဆိပ်ကို ဖြေနိုင်သည့် Atropine ဆေးပြား ၁၂ ပြား ပါလာခဲ့ကြောင်း တရားခံ ရှေ့နေ Gooi Soon Seng က ပြောကြားသည်။

လက်ရှိအချိန်တွင် ၎င်းအားလုပ်ကြံသတ်ဖြတ်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံသူ ဆစ်တီ အစ်ယာ နှင့် ဗီယက်နမ်သူ ဒေါင်သီ ဟောင်တို့ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေလျက်ရှိသည်။ ၎င်းတို့နှစ်ဦးသည် ဖေဖော်ဝါရီ ၁၃ ရက်က မကာအိုသို့ ပျံသန်းမည့် လေယာဉ်နှင့် လိုက်ပါရန် ကွာလာလမ်ပူ လေဆိပ်တွင် စောင့်ဆိုင်းနေသည့် ကင်မ်ဂျံုနမ်ကို အဆိပ်ရည်ဖြင့် သုတ်လိမ်းတိုက်ခိုက်ခဲ့ကြသည်ဟု စွပ်စွဲခံထားရသည်။

ယင်းအမှုကို စတင်စစ်ဆေးနေပြီ ဖြစ်ပြီး တရားခံများအဖြစ် စွပ်စွဲခံထားရသည့် အမျိုးသမီး နှစ်ဦးကတော့ ၎င်းတို့အနေဖြင့် တီဗီရှိုးတစ်ခုအတွက် ပါ၀င် ပေးခဲ့ရသည်ဟု မှတ်ထင်ခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required