ချန်ပီယံလိဂ်သမိုင်းမှာ မတူညီတဲ့ကလပ် ရ သင်းနဲ့ ပါဝင်ကစားတဲ့ ပထမဆုံးကစားသမားအဖြစ် အီဗရာဟီမိုဗစ် မှတ်တမ်းရေးထိုး

ချန်ပီယံလိဂ်သမိုင်းမှာ မတူညီတဲ့ကလပ် ရ သင်းနဲ့ ပါဝင်ကစားတဲ့ ပထမဆုံးကစားသမားအဖြစ် အီဗရာဟီမိုဗစ် မှတ်တမ်းရေးထိုး
(ဓာတ်ပုံ - UCL)

ဇလာတန် အီဗရာဟီမိုဗစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ကလပ်အသင်း ရ သင်းနဲ့ ပါဝင်ယှဉ်ပြိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ အနယ်လ်ကာနှင့် ဆာဗီယိုလာတို့က မတူညီတဲ ကလပ် ၆ သင်းနဲ့ မှတ်တမ်းရှိခဲ့ပါတယ်။

အီဗရာဟီမိုဗစ်ဟာ ယူနိုက်တက်အသင်းအတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်မှာ ပါဝင်ကစားခဲ့တာဖြစ်ပြီး ဒါဟာ မတူညီတဲ့ ကလပ် ရ သင်းအတွက် သူ့အတွက် ပထမဆုံအကြိမ်ဖြစ်ခဲ့ပါတယ်။

အီဗရာဟီမိုဗစ်ဟာ အေဂျက်၊ ဂျူဗီ၊ အင်တာ၊ ဘာကာ၊ အေစီ၊ ပီအက်စ်ဂျီနဲ့ ယူနိုက်တက်အသင်းတို့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဇလာတန်ဟာဆိုရင်ဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် အေဂျက် (၁၉ပွဲ)၊ ဂျူဗင်တပ်စ် (၁၉ ပွဲ)၊ အင်တာ (၂၂ ပွဲ)၊ ဘာစီလိုနာ (၁၀ပွဲ)၊ မီလန် (၁၆ပွဲ)၊ ပီအက်စ်ဂျီ (၃၃)ပွဲနှင့် ယူနိုက်တက် (၁ပွဲ) စုစုပေါင်း ပွဲ ၁၂၀ ကစားခဲ့ပြီးဖြစ်တာကြောင့် သူလောက် များများစားစား ကစားတဲ့ ကစားသမား မရှိလောက်ပါဘူး။

ယူနိုက်တက်အသင်းဟာ ဘယ်ဆယ်ကို အဝေးကွင်းမှာ ၁-၀ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ နောက်ဆုံးပွဲစဉ်အထိ ကစားရမှာဖြစ်ပါတယ်။ 

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required