Gambit ဇာတ်ကား၌ ချန်းနင်းတေတမ်နှင့်အတူ ပါ၀င်သရုပ်ဆောင်ရန် လစ်ဇီကတ်ပ်လန်ဆွေးနွေး

Gambit ဇာတ်ကား၌ ချန်းနင်းတေတမ်နှင့်အတူ ပါ၀င်သရုပ်ဆောင်ရန် လစ်ဇီကတ်ပ်လန်ဆွေးနွေး

 

အမေရိကန်မင်းသမီး လစ်ဇီကတ်ပ်လန်သည် စူပါးဟီးရိုးဇာတ်ကား Gambit ၌ ခေါင်းဆောင်မင်းသမီးနေရာမှ ပါ၀င်သရုပ်ဆောင်နိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။

အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ Masters of Sex ၏ မင်းသမီးဖြစ်သော လစ်ဇီကတ်ပ်လန်သည် Gambit ဇာတ်ကား၌ ခေါင်းဆောင်မင်းသားအဖြစ် ရွေးချယ်ထားသော ချန်းနင်းတေတမ်နှင့်အတူ တွဲဖက်သရုပ်ဆောင် နိုင်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

Gambit ဇာတ်ကားထဲ၌ ချန်းနင်းတေတမ်က အရွေ့စွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ဖဲချပ်များကိုလက်နက် အဖြစ်အသုံးချနိုင်သလို အခြားသောပစ္စည်းများကို လက်နက်အဖြစ်ပစ်လွှတ်အသုံးချနိုင်သော စွမ်းအင်ပိုင်ဆိုင် ထားသည့် လူစွမ်းကောင်းအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။

Gambit သည် X-Men ရုပ်ပြဇာတ်လမ်းများထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်ပြီး X-Men အဖွဲ့နှင့်မပူးပေါင်းမီတွင် သူသည် Thieves Guild အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူဖြစ်သည်။

Gambit ဇာတ်ကားကို Pirates of the Caribbean ဒါရိုက်တာ ဂိုရီဗာဘင်စကီးက ရိုက်ကူးမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့တွင် ရုံတင်ပြသသွားနိုင်ရန် စီစဉ်ထားသည်။

မင်းသမီးလစ်ဇီကတ်ပ်လန်သည် Masters of Sex ဒရာမာဇာတ်လမ်းတွဲမှ သူမ၏သရုပ်ဆောင်ချက်များ ကြောင့် Emmy ဆုအတွက် စကာတင်စာရင်းထဲ၌ ရွေးချယ်ခံခဲ့ရသည်။ ဒါ့အပြင်သူမသည် Cloverfield၊ 127 Hours၊ Now You See Me 2 နှင့် Allied တို့ကဲ့သို့သော နာမည်ကြီးရုပ်ရှင်များထဲ၌လည်း ပါ၀င်ခဲ့ဖူးသည့် ၀ါရင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required