အိုလံပီယာကော့်စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မှာ သကြားဓာတ်ဖြည့်တင်းတဲ့ ဆေးပြားကို မက်ဆီ သောက်ခဲ့ဟု ဖော်ပြ

အိုလံပီယာကော့်စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မှာ သကြားဓာတ်ဖြည့်တင်းတဲ့ ဆေးပြားကို မက်ဆီ သောက်ခဲ့ဟု ဖော်ပြ

ဘာစီလိုနာက အိုလံပီယာကော့်စ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မက်ဆီဟာ ပွဲချိန်အတွင်း ဆေးပြား တစ်ပြားကို သောက်ခဲ့တယ်လို့ မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

စပိန်သတင်းစာ Sport ကတော့ ဒီဆေးဟာ သကြားဓာတ်ဖြည့်တင်းတဲ့ ဆေးပြားလို့ ဆိုပါတယ်။

အဆိုပါ ဆေးပြားကို ပွဲချိန် ၁၅ မိနစ်မတိုင်မီ သောက်သုံးခြင်းက ကစားသမားများရဲ့ ကြွက်သားများကို ကောင်းမွန်စေပြီး ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှု ပိုမိုတိုးတက်စေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မက်ဆီဟာ ပွဲချိန် ၁၀ မိနစ်မှာ ခြေအိတ်ထဲမှ သိမ်းထားတဲ့ ဆေးပြားကို ဆွဲထုတ်ပြီး သောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ကစားသမားများအတွက် သုံးစွဲနေကြ ဆေးပြားများဖြစ်ပေမယ့် ကစားချိန်အတွင်း သောက်သုံးတာကိုတော့ မြင်တွေ့ရခဲပါတယ်။

ကစားသမားများဟာ သွေးပူလေ့ကျင်ခန်းပြုလုပ်ပြီးနောက်ပိုင်းနှင့် ကစားပွဲမတိုမီတို့မှာ ဒီဆေးပြားကို မကြာခဏ သုံးစွဲလေ့ရှိကြပါတယ်။

အိုလံပီယာကော့စ်အသင်းနှင့်ပွဲမှာ မက်ဆီဟာ ပွဲချိန် (၆၁)မိနစ်မှာ ဘာစီလိုနာအတွက် ဒုတိယဂိုးဖြစ်တဲ့  ဥရောပပြိုင်ပွဲသွင်းဂိုး ၁၀၀ ဖြစ်စေမမယ့်ဂိုးကို သွင်းယူခဲ့ပါတယ်။

Ref; Daily Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required