ပီအက်စ်ဂျီကနေ ထွက်ခွာပြီးနောက် လီယွန်နယ် မက်ဆီ အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မှာဖြစ်

ပီအက်စ်ဂျီကနေ ထွက်ခွာပြီးနောက် လီယွန်နယ် မက်ဆီ အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မှာဖြစ်
Photo: AFP

အာဂျင်တီးနား ဂန္တဝင် လီယွန်နယ် မက်ဆီဟာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ ဆော်ဒီအာရေးဗီးယားကလပ် အလ်-ဟီလာလ်ထံမှ ပိုမိုအကျိုးရှိတဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ စီစဉ်ထားပါတယ်။

မိုင်ယာမီအသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီချက်မှာ Adidas နဲ့ Apple တို့လို အမှတ်တံဆိပ်တွေဆီက ပူးပေါင်းဆောင်ရွက်မှု ပါဝင်ပါတယ်။

အသက် ၃၅ နှစ်ရှိ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားအတွက် ဘလွန်းဒီအောဆုကို ခုနစ်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့ဖလားအောင်မြင်ပြီးနောက် ဒီနှစ်နှောင်းပိုင်းမှာ ဒီဆုကို ရရှိဖို့ မျှော်လင့်ရပါတယ်။

ဒါဟာ ဘာစီလိုနာရဲ့ အိုင်ကွန်မက်ဆီ ပထမဆုံးအကြိမ် ဥရောပအပြင်ဘက်မှာ ကစားဖို့ဖြစ်ပါတယ်။

သူဟာ ဥရောပမှာ နောက်ထပ်တစ်ရာသီဆက်နေချင်ပေမယ့်လည်း ကျေနပ်ဖွယ်ကမ်းလှမ်းမှုတွေ မရရှိခဲ့ပြီးနောက်မှာသူဟာ  အင်တာမိုင်ယာမီ ဒါမှမဟုတ် အလ်-ဟီလာလ်တို့ကြား မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုရရှိခဲ့ပါတယ်။

သူဟာ ဆော်ဒီအာရေးဗီးယားကို ပြောင်းရွှေ့ဖို့ အကြီးအကျယ် သတင်းထွက်ခဲ့ပြီး အဲဒီလိဂ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကာရင်မ် ဘန်ဇီမာတို့နဲ့ ငွေကြေးအရ မတူညီတဲ့ သဘောတူညီမှု တစ်ရပ်နဲ့ ရောက်ရှိလာနိုင်တာပါ။

ဒါပေမယ့် မက်ဆီဟာ နောက်ဆုံးမှာ မေဂျာလိဂ်ဘောလုံး (MLS) ကလပ် အင်တာမိုင်ယာမီကို လူနေမှုပုံစံနဲ့ ဘောလုံးထက် ကျယ်ပြန့်တဲ့ အမှတ်တံဆိပ်ကြီးတွေနဲ့ သဘောတူညီချက်တွေအပါအဝင် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဆွဲဆောင်ခံခဲ့ရတာပါ။

မိုင်ယာမီမှာ သူငှားထားတဲ့ အိမ်တစ်လုံးရှိနှင့်ပြီးဖြစ်ပါတယ်။

သူဟာ ဒီနွေရာသီမှာ ဘာစီလိုနာကို ပြန်လာဖို့ စိတ်အားထက်သန်နေပေမယ့်လည်း လာမယ့် ရာသီမှာ လာလီဂါမှာ ထားရှိမယ့် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP) ကန့်သတ်ချက်တွေက သူ့ကို ပြန်ခေါ်ဖို့ ဘယ်လိုမှ ရည်မှန်းချက်ကြီးကြီးထားလို့ မဖြစ်နိုင်တော့ပါဘူး။

ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့နှစ်ရာသီလုံးမှာ လီဂူး-၁ ချန်ပီယံဆုရရှိခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းဆင့်ကနေ ထွက်ခဲ့ရတာကြောင့် ပြင်သစ်မှာ သူ့ရဲ့အချိန်တွေက ကြီးမားတဲ့ အောင်မြင်မှုလို့ မမြင်ခဲ့တာကြောင့်ဆိုရမှာပါ။

သူဟာ ကလပ်အတွက် ၇၅ ပွဲကစား ၃၂ ဂိုး သွင်းယူခဲ့ပြီး ဒီရာသီ လီဂူး-၁ မှာ ၁၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၆ ကြိမ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

မက်ဆီရဲ့ နှစ်နှစ်စာချုပ်ဟာ ဒီနှစ်နွေရာသီမှာ ကုန်ဆုံးတာဖြစ်ပြီး နှစ်ဖက်စလုံးက အသီးသီးလမ်းခွဲသွားဖို့ သဘောတူညီခဲ့ကြတာပါ။ ဒီတိုက်စစ်မှူးဟာ မေလက ဆော်ဒီအာရေးဗီးယားသို့ အသင်းခွင့်ပြုချက်မရှိဘဲ ခရီးနှစ်ပတ်ကြာ သွားခဲ့တဲ့အတွက် ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

သူ့ရဲ့ အမွေအနှစ်ကတော့ ဘာစီလိုနာမှာ ကစားခဲ့ချိန်ကဖြစ်ပြီး ဒီဇင်ဘာလက အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ဘာကာမှာ ၂၁ ကြာပြီးနောက် အသင်းရဲ့ ဘဏ္ဍာရေးပြဿနာကြောင့် ၂၀၂၁ မှာတော့ ကလပ်ကနေ ထွက်ခွာခဲ့ပါတယ်။

မက်ဆီဟာ ၆၇၂ ဂိုးနဲ့ ဘာစီလိုနာရဲ့ စံချိန်တင်ဂိုးသွင်းသူဖြစ်ပြီး လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ စပိန်ဖလား ၇ ကြိမ် ရရှိခဲ့ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly