ရဲစခန်းများတိုက်ခိုက်ခံရမှုကြောင့် သံသယရှိရသူ ၅၂ဦးခန့်ကို မိုဇမ်ဘစ်ရဲတပ်ဖွဲ့ဖမ်းဆီး

ရဲစခန်းများတိုက်ခိုက်ခံရမှုကြောင့် သံသယရှိရသူ ၅၂ဦးခန့်ကို မိုဇမ်ဘစ်ရဲတပ်ဖွဲ့ဖမ်းဆီး

 

မာပူတို၊ မိုဇမ်ဘစ်၊ အောက်တိုဘာ ၁၁ ။                 ။ မိုဇမ်ဘစ်နိုင်ငံရှိ ရဲစခန်းများ တသီတတန်းကြီး တိုက်ခိုက်ခံရမှုကြောင့် သံသယရှိရသူ ၅၂ဦးခန့်ကို ဖမ်းဆီးထိန်း သိမ်းထားပြီး တိုက်ခိုက်မှုများအတွင်း ရဲအရာရှိ ၂ဦးသေဆုံးကာ တိုက်ခိုက်ရေးသမား ၁၄ဦးခန့်ကို သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း မိုဇမ်ဘစ်ရဲတပ်ဖွဲ့က အင်္ဂါနေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

တိုက်ခိုက်ခဲ့သော သေနတ်သမားများသည် ပြည်တွင်းရှိအစ္စလာမ်မစ် အစွန်းရောက်အဖွဲ့များနှင့် အချိတ် အဆက်ရှိသည်ဟု အစပိုင်းကထွက်ရှိလာသော သတင်းများကို ရဲတပ်ဖွဲ့ကငြင်းဆန်ခဲ့ပြီး ထိုသေနတ်သမားများ သည် မည်သည့်အကြမ်းဖက်အဖွဲ့နှင့်မှ ချိတ်ဆက်ထားခြင်းမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

“အကြမ်းဖက်အုပ်စုတွေနဲ့ ဒီသေနတ်သမားတွေနဲ့ အချိတ်အဆက်ရှိတယ်ဆိုတဲ့ အချက်အလက်တွေ မတွေ့ရှိရ ပါဘူး” ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အင်နာစီယိုဒီနာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေထဲမှာ ပြစ်မှုကျူးလွန်ခဲ့သူတွေပါဝင်ပါတယ်။ ပြီးတော့ အစား အစာတွေ၊ နေစရာတွေနဲ့ အခြားအထောက်အပံ့တွေ ပေးမယ်ဆိုပြီး တိုက်ခိုက်မှုကျူးလွန်အောင် ပံ့ပိုးပေးခဲ့တဲ့ သူတွေကို ဖမ်းဆီးထားပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

တိုက်ခိုက်မှုများသည် နိုင်ငံမြောက်ပိုင်းနှင့် တန်ဇာနီးယားနိုင်ငံ နယ်စပ်အနီးရှိ မိုဆင်ဘိုအာဒီပရိုင်းအာမြို့မှ ရဲစခန်း ၃ခုခန့် ပြီးခဲ့သော ကြာသာပတေးနှင့် သောကြာနေ့တို့က ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့သည် တိုက်ခိုက်သူများ၏ ရည်ရွယ်ချက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ယင်းအဖွဲ့သည် ဆိုမာလီယာမှ ရှာဘတ်ဂျီဟတ်ဝါဒီအဖွဲ့နှင့် နိုင်ဂျီးရီးယားမှ ဘိုကိုဟာရမ်အဖွဲ့တို့နှင့် အချိတ်အဆက်မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

“ဒါဟာ ပြည်တွင်းကအဖွဲ့ဆိုတာ သေချာပါတယ်။ ပြီးတော့ ဒေသတွင်းမှာဖြစ်ပွားနေတဲ့ ပြသနာတွေကို မကျေနပ်ရာမှ လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့ကြတာပါ” ဟု လက်ဘနွန်အခြေစိုက် Chatham House အကြံပေးအဖွဲ့မှ အဲလက်စ်ဗိုင်းစ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required