၂၀၁၈ နိုဝင်ဘာမှာ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

၂၀၁၈ နိုဝင်ဘာမှာ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

 

အောက်တိုဘာ ၁၀ ။              ။ လာမယ့် ၂၀၁၈ နိုဝင်ဘာလကျရင် နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်ဆိုပြီး လက်ရှိထိုင်းအစိုးရခေါင်းဆောင် ပရာယွတ် ချန်အိုချာက အောက်တိုဘာ ၁၀ ရက်မှာ ပြောဆိုသွားပါတယ်။

ယင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၄ မေလတုန်းကပဲ စစ်တပ်က အာဏာသိမ်းပြီးတော့ နိုင်ငံကို တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။

ယင်း အာဏာသိမ်းပြီးပြီးချင်းတုန်းကတော့ ပရာယွတ်က နောက် ၁၈ လအတွင်း အရပ်ဘက်ကို အာဏာပြန်လွှဲပြောင်းပေးမယ်ဆိုပြီး ကတိပြုထားခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။

ဒါပေမယ့် ယခုအခါမှာတော့ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ စစ်အာဏာသိမ်းခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်က ရွေးကောက်ပွဲကျင်းပမယ့် ကာလကို ထုတ်ဖော်ပြောဆိုသွားတာဖြစ်ပါတယ်။

" ၂၀၁၈ နိုဝင်ဘာမှာ ရွေးကောက်ပွဲတစ်ရပ် ရှိမယ်ဗျာ၊ ကဲ ရှင်းပီလား" ဆိုပြီး ပရာယွတ်က သတင်းထောက်တွေကို ပြောသွားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကို လာမယ့် ဇွန်လကျရင် ထပ်မံကြေညာမယ်လို့လည်း ၎င်းက ထပ်လောင်း ပြောကြားသွားပါတယ်။

ယင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ရဲ့ လက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆန္ဒပြမှုအားလုံးကို ပိတ်ပင်ကန့်သတ်ခံထားရလျက်ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required