မြန်မာလူထုသည် ကြင်နာဆုံးသူများ ဖြစ်ကြသည်ဟု OCHA ချီးမွမ်း

မြန်မာလူထုသည် ကြင်နာဆုံးသူများ ဖြစ်ကြသည်ဟု OCHA ချီးမွမ်း

ရန်ကုန်၊ သြဂုတ် ၁၃ ။          ။ မြန်မာနိုင်ငံသားများသည် ကမ္ဘာပေါ်၌ အကြင်နာတရားအရှိဆုံးထဲတွင် ပါဝင်သည်ဟု ကုလ လူသားချင်း စာနာမှု ပူးပေါင်းဆောင်ရွက်ရေး OCHA ရုံး စီစဉ်ညွှန်ကြားရေးမှူး မစ္စရန်နာတာ ဒဲဆယ် လီယန်းက ထုတ်ဖော်ချီးမွမ်းလိုက်သည်။

ရေဘေးဒဏ်သင့် စစ်ကိုင်းတိုင်းခရီးစဉ်မှအပြန် သြဂုတ် ၁၂ ရက်က ယင်းသို့ ပြောဆို လိုက် ခြင်းဖြစ်ပြီး "ရေဘေးသင့်သူတွေကို ညီညီညွတ်ညွတ် အကူအညီပေးနေသည်ကို တွေ့ရတဲ့အတွက် မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်" ဟုဆိုသည်။

စေတနာရှင်များ၊ ဒေသလူမှုအဖွဲ့အစည်းများ၊ အာဏာပိုင်များ၊ အင်န်ဂျီအိုများနှင့် တစ်သီးပုဂ္ဂ လများ၊ အနုပညာရှင်များသည် စိတ်ရောကိုယ်ပါ ဝိုင်းဝန်းကူညီနေကြသည်ကို အထူးပြုပြောကြားခဲ့ သည်။

မစ္စရန်နာတာ ဒဲဆယ်လီယန်းသည် ကလေးမြို့နယ်သို့လည်း ရောက်ရှိခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ယင်းဒေသ၌ ရေ ကျဆင်းသွားနေပြီဖြစ်သော်လည်း ရွံ့ဗွက်များကျန်ရှိနေပြီး သီးနှံ များလည်း ပျက်စီးဆုံးရှုံးသွားကြောင်းဆိုသည်။ ဒေသခံများသည် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ ပိုင် ဆိုင်မှုများ ရေနှင့်မျောပါသွားခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ သေဆုံးခြင်းတို့ဖြင့် လုံးပမ်းကျန်ရစ်ကြ သည်ဟု ပြောသည်။
ကုလသမဂ္ဂက ရေဘေးအတွက် လတ်တလော အမေရိကန်ဒေါ်လာ ၁၀ သန်း ကူညီထား ကြောင်း သိရသည်။

ရေဘေးသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အရေးတ ကြီး လိုအပ်နေပြီး အစိုးရက လိုအပ်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသင့်သည်ဟု မစ္စ ရန်နာတာ ဒဲဆယ်လီယန်းက ဆိုသည်။

တစ်ချိန်တည်း၌ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဘက်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ဧရာဝတီဒေသ၊ ရခိုင်ကမ်းရိုးတန်းတို့၌ လေပြင်းများနှင့် မိုးကြီးမှုများဖြစ်ပေါ်လာနိုင်သည် ဟု သတိပေးလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required