နွေရာသီစျေးကွက်အတွင်း ကုန်ကျစရိတ်ပမာဏထက် ပိုပြီး ဝင်ငွေရရှိခဲ့တဲ့ တစ်ခုတည်းသော လိဂ်မှာ လာလီဂါဖြစ်

နွေရာသီစျေးကွက်အတွင်း ကုန်ကျစရိတ်ပမာဏထက် ပိုပြီး ဝင်ငွေရရှိခဲ့တဲ့ တစ်ခုတည်းသော လိဂ်မှာ လာလီဂါဖြစ်
(ဓာတ်ပုံ - အီးပီအေ)

ယခုနှစ်နွေရာသီအတွင်း အပြောင်းအရွှေ့ဈေးကွက်မှာ လာလီဂါလိဂ်ဟာ သုံးစွဲကုန်ကျစရိတ်ထက် ဝင်ငွေ ပိုမိုရရှိခဲ့တဲ့ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှ တစ်ခုတည်းသော လိဂ်ဖြစ်တယ်လို့ အစီရင်ခံစာတစ်စောင်က သောကြာနေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

စပိန်ပထမတန်း လာလီဂါရဲ့ အသင်းတွေဟာ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ အသုံးစရိတ် ယူရို ၅၅၆ သန်း (ဒေါ်လာသန်း ၆၇၀)အထိ ကုန်ကျခဲ့ပြီး လိဂ်သမိုင်းကြောင်းတစ်လျောက် အကြီမားဆုံး ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ကာ ပြီးခဲ့တဲ့ရာသီထက် ၁၆ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း သိရပါတယ်။

အခြားတစ်ဖက်မှာတော့ လာလီဂါအသင်းတွေဟာ ကစားသမားရောင်းချ/အငှားချရာမှ စုစုပေါင်း ဝင်ငွေ ယူရို ၆၇၁ သန်းအထိ ရရှိပြီး ပြီးခဲ့တဲ့ ရာသီထက် ၅၃ ရာခိုင်နှုန်း မြှင့်မားလာပါတယ်။ အဓိကအားဖြင့် ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနှင့် ရောက်ရှိသွားတဲ့ နေမာကြောင့်လည်း အခုထိ ဝင်ငွေတိုးလာတာဖြစ်ပါတယ်။

Prime Time Sport က ပြုလုပ်တဲ့ "Football Transfer Review" အစီရင်ခံစာထဲမှ အဆိုပါကိန်းဂဏာန်းအချက်အလက်တွေကို သောကြာနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ နှစ်သင်းဟာ ၂၀၀၉-၂၀၁၀ ရာသီက ကစားသမား ခေါ်ယူရာမှာ သုံးစွဲတဲ့ ငွေပမာဏမှာ အသင်းအားလုံးရဲ့  ၈၀ ရာခိုင်နှုန်းရှိပြီး ၎င်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ၅၇ ရာခိုင်နှုန်းအထိ နည်းပါးနေတာကို တွေ့ရပါတယ်။

ယခုနှစ် နွေရာသီမှာ တန်းတက်အသင်းသစ်တွေဖြစ်တဲ့ လီဗန်တေး၊ ဂျီရိုနားနှင့် ဂီတာဖေးအသင်းတွေ အပါအဝင် ကလပ် ၁၃ အသင်းဟာ ပြီးခဲ့နှစ်ကထက် ကစားသမားသစ် ပိုမိုခေါ်ယူခဲ့ပြီး စုစုပေါင်း သုံးစွဲမှု ပမာဏမှာ ယူရို ၂၄ သန်းရှိရာ ပြီးခဲ့နှစ်ထက် ယူရို ၈ သန်းထိ ပိုမိုကုန်ကျခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required