လာလီဂါပွဲစဉ်မှာ ဗလင်စီယာ ပရိသတ်တစ်ဦး နှလုံးဖောက်ပြီးနောက် သေဆုံး

လာလီဂါပွဲစဉ်မှာ ဗလင်စီယာ ပရိသတ်တစ်ဦး နှလုံးဖောက်ပြီးနောက် သေဆုံး
Photo: Valencia/Twitter

သောကြာနေ့က ကာဒစ်ဇ်ကို ၁-၀ ဂိုးဖြင့် မရှုံးနိမ့်ခင် နေမကောင်းဖြစ်ခဲ့တဲ့ ဗလင်စီယာ ပရိသတ်တစ်ယောက်ဟာ သေဆုံးသွားပြီဖြစ်တယ်လို့ ကလပ်အသင်းက အတည်ပြုခဲ့ပါတယ်။

ပွဲစတင်ချိန် မိနစ်အနည်းငယ် နောက်ကျခဲ့တဲ့ ဒီပွဲစဉ်မစခင် ဒီပရိတ်သတ်ဟာ အားကစားကွင်းမှာ ဆေးအဖွဲ့ရဲ့ ကုသမှုခံယူခဲ့ပြီး အဲဒီ့နောက် သူ့ကို ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

"ဒီည ပွဲမစခင် မက်စ်တဲလားမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့တဲ့ ဗလင်စီယာ ပရိသတ် သေဆုံးမှု ဝမ်းနည်းဖွယ်ရာ သတင်းအတွက် ကျနော်တို့ အလွန်တရာ စိတ်မကောင်း ဖြစ်မိပါတယ်"လို့ ဗလင်စီယာအသင်းက သောကြာနေ့ နှောင်းပိုင်းက Twitter မှာ ပြောပါတယ်။

"ခွန်အားတွေ အများကြီးနဲ့ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကို အတိုင်းအဆမရှိ ပွေ့ဖက်ထားလိုက်ပါ။ RIP ပါ။"

စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဗလင်စီယာပရိတ်သတ်တစ်ယောက် နှလုံးဖောက်တာကို အသင်းနှစ်သင်း သွေးပူလေ့ကျင့်ခန်းပြုလုပ်နေတုန်း တွေ့ရတာဖြစ်ပြီး ဒီဖြစ်ပွားမှုအတွက် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေကို သတိပေးဖို့ ကာဒစ်ဇ်ကစားသမားတွေ ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ကာဒစ်ဇ်အသင်းဟာ ရူဘင် အယ်လ်ကာရာ့ဇ်ရဲ့ အစောပိုင်းဂိုးနဲ့ အနိုင်ရပြီး အဆင့် ၁၇ ကို လတ်တလော တက်လှမ်းနိုင်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly