ပီလီရဲ့နိုင်​ငံတကာ သွင်​းဂိုးအမ​ျားဆုံးမှတ်​တမ်​းကို​ စီရော်လ်နယ်ဒို ကျော်​ဖြတ်

ပီလီရဲ့နိုင်​ငံတကာ သွင်​းဂိုးအမ​ျားဆုံးမှတ်​တမ်​းကို​ စီရော်လ်နယ်ဒို ကျော်​ဖြတ်

ရီးယဲလ်တိုက်စစ်မှူး ခရစ်စတီယာနို ရော်လ်နယ်ဒိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဖရိုးကျွန်းစုအသင်းကို ဟတ်ထရစ်သွင်းယူခဲ့ပြီးနောက် ပေါ်တူဂီအသင်းအတွက် သွင်းဂိုး (၇၈)ထိ ရောက်ရှိလာတာကြောင့် နိုင်ငံတကာ သွင်းဂိုးအများဆုံး ရပ်တည်မှုမှတ်တမ်းမှာ ဘရာဇီးဂန္ထဝင်ကစားသမား ပီလီကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ပါတယ်။

ကြာသပတေးနေ့က ကစားခဲ့တဲ့ ဖရိုးကျွန်းစုအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရော်လ်နယ်ဒိုဟာ ပွဲကို လွှမ်းမိုးထားနိုင်ပြီး ပေါ်တူဂီအသင်းဟာ (၅-ဝ) နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ ကစားသမားဟာ နိုင်ငံတကာ ထာဝရသွင်းဂိုးအများဆုံး ရပ်တည်မှုစာရင်းမှာ နံပါတ် (၅)နေရာသို့ တက်ရောက်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးရွှေဘောလုံးဆု လေးကြိမ်ရ ကစားသမားဟာ ပြီးခဲ့တဲ့အပတ်လောက်က ပီလီရဲ့နောက် (၂)ဂိုးအကွာမှာ ရှိခဲ့ပေမယ့် အခုတော့ သူ့ကို ကျော်ဖြတ်သွားခဲ့ပါတယ်။

စီရော်လ်နယ်ဒိုရဲ့ အထက်မှာတော့ အလီဒါအီ (၁၀၉)၊ ပွတ်ရှ်ကပ်စ် (၈၄)၊ ကာမာမိုတို (၈၀)နှင့် ချီတာလူ (၇၉)ဂိုတို့ဖြစ်ကြပါတယ်။

ရော်လ်နယ်ဒိုဟာ လက်ရှိဥရောပဇုန်ခြေစစ်ပွဲတစ်ခုတည်းမှာတင် သွင်းဂိုး ၁၄ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက်ဘယ်ကစားသမားမှ မစွမ်းဆောင်နိုင်ခဲ့တဲ့မှတ်တမ်းကိုလည်း ရရှိထားပါတယ်။

ရော်လ်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဟတ်ထရစ်သွင်းဂိုးတွေကို ရီးယဲလ်မက်ဒရစ်အတွက် (၄၂)ကြိမ်၊ ပေါ်တူဂီအသင်းအတွက် (၅)ကြိမ်နှင့် မန်ယူအတွက် (၁)ကြိမ် စုစုပေါင်း ဟတ်ထရစ် (၄၈)ကြိမ်ထိ ရရှိထားပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required