လာလီဂါ ဂိုး ၃၅၀ ပြည့်မြောက်သွားသည့် မက်ဆီ

လာလီဂါ ဂိုး ၃၅၀ ပြည့်မြောက်သွားသည့် မက်ဆီ

သြဂုတ် ၂၇၊ စပိန် ။            ။ ဘာစီလိုနာအသင်းက အလာဗက်စ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့သည့် မက်ဆီသည် လာလီဂါသွင်းဂိုး ၃၅၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။

မက်ဆီ၏ ပထမသွင်းဂိုးမှာ ဂိုး ၃၅၀ ပြည့်မြောက်သည့်ဂိုးဖြစ်ပြီး ဒုတိယဂိုးမှာ ၃၅၁ ဂိုးမြောက် သွင်းဂိုးဖြစ်သည်။

မက်ဆီသည် ဘယ်ခြေဖြင့် ၂၇၄ ဂိုးသွင်းယူခဲ့ပြီး ညာခြေဖြင့် ၆၃ ဂိုးသွင်းယူခဲ့သည်။ ခေါင်းတိုက်ဂိုး ၁၄ ဂိုးသာသွင်းနိုင်ခဲ့ပြီး ထိုခေါင်းတိုက်ဂိုးမှားထဲတွင် ၂၀၀၇ ခုနှစ်က အက်စ်ပန်ညိုအသင်းဘက်သို့ လက်ဖြင့်သွင်းယူခဲ့သည့်ဂိုးသည်လည်း တစ်ဂိုးအပါအဝင်ဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာကစားသမားဘဝတစ်လျှောက်တွင် လာလီဂါ၌ ဂိုးသွင်းဘုရင်ဆုကို လေးကြိမ် ရရှိခဲ့သည်။ ဟက်ထရစ်ပေါင်း ၂၆ ကြိမ် သွင်းယူနိုင်ခဲ့သည်။

လက်ရှိတွင် မက်ဆီမှာ လာလီဂါ၏ဂိုးသွင်းအများဆုံးတိုက်စစ်မှူးဖြစ်သည်။ ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲများတွင် ဒုတိယဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ပထမဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာရန် ဘိုင်ယန်တိုက်စစ်မှူးဟောင်း ဂတ်မူလာ၏ ၃၆၅ ဂိုးကို ဖြတ်ကျော်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required