H1N1 လူနာ နည်းသွား၍ ရက်ခြားသတင်းထုတ်ပြန်ပြီးနောက် ၃ ဦး ထပ်မံသေဆုံး

H1N1 လူနာ နည်းသွား၍ ရက်ခြားသတင်းထုတ်ပြန်ပြီးနောက် ၃ ဦး ထပ်မံသေဆုံး
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်​ကုန်​၊ သြဂုတ်​၂၄ ။           ။ H1N1 လူနာ နည်းသွား၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရက်ခြားသတင်းထုတ်ပြန်ပြီနောက်  လူ ၃ ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော  လူနာ ၃ ဦးမှာ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဖြစ်ပြီး ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသွားခြင်းဖြစ်သည်။

ရာသီတုတ်​​ကွေး​ရောဂါ၏ အ​ခြေအ​နေများကို ကျန်​းမာ​ရေးဝန်​ကြီးဌာနမှ​ နေ့စဉ်​ပုံမှန်​ထုတ်​ပြန်​​နေရာမှ ​ရောဂါဖြစ်​ပွားမှု လူနာနည်​းပါးသွား၍ ၃ ရက်​ တစ်​ကြိမ်​သာ ထုတ်​ပြန်​​တော့မည်​ဖြစ်​​ကြောင်​း ကျန်​းမာ​ရေးနှင်​့ အားကစားဝန်​ကြီးဌာန၊ ပြည်​သူ့ကျန်​းမာ​ရေးဦးစီးဌာနမှ ဒုညွှန်​မှူး ဦးသန်​းထွန်​း​အောင်​က သြဂုတ်​လ၂၁ ရက်​က ​ပြောထားသည်​။

ထို့ပြင် H1N1 တွေ့ရှိမှုမှာလည်း ၃ ရက်အတွင်း  လူ ၂၀ ထပ်မံတိုးလာခဲ့ပြီးနောက် လက်ရှိတွင် မြန်မာတစ်​နိုင်​ငံလုံး၌ ​H1N1 ရောဂါပိုး​တွေ့သူ ၃၁၇ ဦးနှင်​့ ​သေဆုံးသူ ၃၃ ဦး အထိ ရှိ​နေပြီ ဖြစ်​သည်​။

ယခုကဲ့သို့ Seasonal Influeza A(H1N1)pdm 09အပါအဝင်​ A(H3)၊ အခြား​သော Influenza A အမျိုးအစားများ၊ Influenza B အမျိုးအစား ​ရောဂါပိုးများမှာ ရာသီတုပ်ကွေးဖြစ်​ပွားတတ်သည်​့ ရာသီများတွင်​ ကမ္ဘာနှင်​့တစ်​ဝှမ်​း ဖြစ်​ပွားလျက်​ရှိသည်​ဖြစ်​​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required