ကြက်​ငှက်​တုပ်​​ကွေး​သတင်​းထွက်​ချိန်​ ​တက်​ခဲ့​သောငါး​စျေး ပုံမှန်​ပြန်​ဖြစ်​လာ

ကြက်​ငှက်​တုပ်​​ကွေး​သတင်​းထွက်​ချိန်​ ​တက်​ခဲ့​သောငါး​စျေး ပုံမှန်​ပြန်​ဖြစ်​လာ

ရန်​ကုန်​၊ သြဂုတ်​လ ၁၉ ။             ။ ကြက်​ငှက်​တုပ်ကွေး ရန်​ကုန်​တွင်​​ တွေ့ရှိသည်​့​နေ့မှစ၍ ​ရေချိုငါး​စျေးများတက်​သွားခဲ့ပြီး လက်​ရှိအချိန်​တွင်​ ပုံမှန်​​စျေးနူန်​းသာရှိ​​နေ​ကြောင်​း ကြည်​့မြင်​တိုင်​စံပြငါး​စျေးမှ ​စျေးသည်​​ဒေါ်ခင်​​ဌေးက ​ပြောသည်​။

ဇူလိုင်လကုန်ရက်များ၌ ရန်​ကုန်​မြို့တွင်​ ကြက်​ငှက်​တုပ်​​ကွေးသတင်းများ ထွက်ပေါ်လာချိန်တွင် ငါးစျေးများ ၂ ဆ တက်ခဲ့သည်။

" အဲဒီအချိန်​က​တော့ ငါး​တွေ​ စျေးထိုးတက်​သွားတာ ။ ဘယ်​လို တက်​သလဲဆို ငါးမြစ်​ချင်​း ၃၀၀၀ စျေး က​နေ ၃၅၀၀၊ ၄၀၀၀ တို့ ဝယ်​ရတယ်​။ ငါးကြင်​း ၅​၀၀၀​​ စျေးက​နေ ၆၅၀၀ ​စျေးဝယ်​ရတယ်​။ ငါးတန်​    ၃​၀၀၀ စျေးက​နေ ၃၅၀၀ ​စျေးဝယ်​ရတယ်​ ​။ ​စျေးမှာလည်​း အဲဒီလိုပဲ လှည့်ပတ်​ပြီး​ ရောင်​းရတာ​ပေါ့​နော်​​"ဟု ​ကြည်​့မြင်​တိုင်​စံပြငါး​စျေးတွင်​​ ​ဒိုင်​များထံမှ ​ငါးလာဝယ်​​နေသူ ငါး​သည်​ ​ဒေါ်ခင်​​ဌေးက​ ပြောသည်​။

လက်ရှိတွင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန် အပါအဝင် ငါးစျေးများ ပုံမှန်ပေါက်စျေးဖြင့် ရောင်းဝယ်လျက် ရှိသည်။

"ဝယ်​သူ​တွေလား ။ ခါတိုင်​းလို​တော့ဝယ်​ပါတယ်​"ဟု ငါး​စျေးသည်​ ​ဒေါ်မြင်​့မြင်​့စန်​းက​ဆိုသည်​။

လက်​ရှိအချိန်​တွင်​ ငါး​စျေးနူန်​းများသည်​ ပုံမှန်​ယခင်​နှစ်​ကနှင်​့တူညီ​နေပြီး တစ်​ရာ၊ နှစ်​ရာခန်​့သာ ကွာခြားမှု ရှိ​နေသည်​ဟု ​ငါးသည်တစ်ဦးက ပြောသည်။

ရန်​ကုန်​မြို့၊ မရမ်​းကုန်​မြို့နယ်​ရှိ ကြက်​ခြံတစ်​ခုတွင်​ ကြက်​ငှက်​တုပ်​​ကွေး​တွေ့ရှိပြီး​နောက်​ ကြက်​သား​စျေးများကျဆင်​းခဲ့ပြီး အသီးအရွက်​​စျေးများနှင်​့ ငါး​စျေးများ တက်​လာခဲ့သည်​။

သို့​သော်​ ကြက်​သား​စျေးမှာ စျေးနှုန်း အနည်းငယ်တက်လာသော်လည်း မူလစျေးနှုန်း ပြန်မရောက် ရှိသေးသော်လည်း  ငါး​စျေးမှာ ပုံမှန်​​စျေးသို့ ​ရောက်​ရှိ​နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required