ချပ်​သင်​း​မှဆရာဝန်​အား ​ဘော်​ဒါဆရာ(၃)ဦး ပြန်​လည်​​တောင်​းပန်​ပွဲပြုလုပ်​

ချပ်​သင်​း​မှဆရာဝန်​အား ​ဘော်​ဒါဆရာ(၃)ဦး ပြန်​လည်​​တောင်​းပန်​ပွဲပြုလုပ်​

ရန်​ကုန်​၊ ဇူလိုင်​၁၄ ။           ။ ချပ်​သင်​း​ကျေးရွာအုပ်​စုမှ ဆရာဝန်​အား လူမှုကွန်​ရက်​မီဒီယာ ​ဖေ့စ်​ဘုတ်​တွင်​ ဂုဏ်​သိက္ခာကျဆင်​း​စေခဲ့သည်​့အ​ပေါ် ​​ဘော်​ဒါမှဆရာ(၃)ဦမှ ပြန်​လည်​တောင်​းပန်​ပွဲတစ်​ခုကို သြဂုတ်​လ(၁၄)ရက်​ ​နေ့လည်​၂နာရီ၌ ပြုလုပ်ခဲ့သည်​။

စစ်​ကိုင်​းတိုင်​း​ဒေသကြီး၊ ကန်​့ဘလူမြို့နယ်၊ ချပ်​သင်​း​​ကျေးရွာအုပ်​စုရှိ ဆေးရုံတွင်​ ​ဆေးဝါးမလုံ​လောက်​သည်​့ကိစ္စနှင်​့ပတ်​သက်၍ ဘော်​ဒါမှဆရာများ​လာ​ရောက်​​ပြောဆိုခဲ့ပြီး Liveလွှင်​့ခဲ့သည်​မှာ မရည်​ရွယ်​ဘဲ ဂုဏ်​သိက္ခာကျဆင်​း​စေခဲ့သဖြင်​့ ပြန်​လည်​​တောင်​းပန်​​ကြောင်​း ​ဘော်​ဒါဆရာတစ်​ဦးမှ​ပြောကြားခဲ့သည်​။

အဆိုပါ ​တောင်​းပန်​ပွဲသို့ ချပ်​သင်​း​ကျေးရွာအုပ်​စုမှ ရွာသူ၊ရွာသား၁၅၀လာ​ရောက်​ကြည်​့ရှု့ခဲ့ကြသည်​။

"သူတို့က​တော့ ​တောင်​းပန်​သွားတယ်​ ​အေး​အေး​ဆေး​ဆေး​​ပြေ​ပြလည်​လည် ​ဖြစ်​သွားတာပါပဲ"ဟု ချပ်​သင်​း​ကျေးရွာအုပ်​စုမှမှ ​ကျေးရွာမှူး ဦးအုန်​းလွင်​က​ပြောပြသည်​။

ဖြစ်​စဉ်​မှာ ​​ချပ်​သင်​း​ကျေးရွာရှိဘော်​ဒါတစ်​ခုမှ​ ကျောင်​းသားများ ညအချိန်​​နေမ​ကောင်​း၍ ​ချပ်​သင်​း​ဆေးရုံသို့ လာ​ရောက်​ပြသရာ ဆရာဝန်​ရှိမ​နေခဲ့​ကြောင်​း၊ အခြားအချိန်​များတွင်​​ ​ဆေးရုံသို့လာ​ရောက်​ရာတွင်​လည်​း ​ဆေးရုံမှ ​ဆေးဝါးမရှိ​ကြောင်​း​ပြောကြားကာ ​ဆေးခန်​းသို့သွား​စေ​ကြောင်းတို့ ဖြစ်​ခဲ့သည်​။

ထို့​ကြောင်​့ အဆိုပါ​ဘော်​ဒါမှ ဆရာ(၃)ဦးတို့သည်​ ​ဆေးရုံှသို့သွား​ရောက်​ပြီး ​ဆေးဝါးလုံ​လောက်​မှုမရှိ​ကြောင်​း၊ ဆရာဝန်​အချိန်​ပြည်​့မရှိသည်​့အ​ကြောင်​းတို့ကို ဆရာဝန်​နှင်​့ ​ဆေးရုံဝန်​ထမ်​းများအား ​မေးမြန်​းကာ ဖေ့စ်​ဘုတ်​​ပေါ်၌ LIVE​ရိုက်​ကူးခဲ့သည်။

Liveလွှင်​့ရာတွင်​ ​ဘော်​ဒါမှဆရာများ၊ ချပ်​သင်​းဆရာဝန်​နှင်​့ ကျေးရွာသားများ အပြန်​အလှန်​​ပြောဆိုမှုဖြစ်​ပွားခဲ့​သဖြင်​့ ​ကျေးရွာသားများနှင့် ​ကျေးရွာလူကြီးများမှ ​​ဘော်​ဒါဆရာ(၃)ဦးကို ဆရာဝန်​အား ပြန်​လည်​​တောင်​းပန်​​စေခဲ့ခြင်​းဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required