ဒိုင်လူကြီးကို တွန်းခဲ့သည့်အတွက် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို ၁၂ ပွဲအထိ ပွဲပယ်ခံရဖွယ်ရှိနေ

ဒိုင်လူကြီးကို တွန်းခဲ့သည့်အတွက် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို ၁၂ ပွဲအထိ ပွဲပယ်ခံရဖွယ်ရှိနေ

သြဂုတ် ၁၄၊ စပိန်။          ။ ဘာစီလိုနာအသင်းကို ရီးယဲလ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်မှာ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကွင်းလယ်ဒိုင်လူကြီးကို တွန်းခဲ့တာကြောင့် ၁၂ ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ကျခဲ့ရဖွယ်ရှိနေပါတယ်။

စီရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ ဂိုးသွင်းအပြီး အကျင်္ီချွတ်ကာ အောင်ပွဲခံခဲ့မှုကြောင့် ပထမအဝါကတ်ပြသခံခဲ့ရပြီး ဧရိယာထဲမှာ ဟန်ဆောင်လှဲချမှုကြောင့် ဒုတိယအဝါကတ်ပြသခံရကာ ပြိုင်ပွဲက ထုတ်ပယ်ခံခဲ့ရပါတယ်။

ဟန်ဆောင်လှဲချတယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် စီရော်နယ်ဒိုဟာ ဒိုင်ရဲ့ကျောကုန်းကို တွန်းခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးကလည်း ပွဲအပြီးအစီရင်ခံစာမှာ “ရီးယဲလ်ကစားသမားစီရော်နယ်ဒိုက သူ့ကိုတွန်းခဲ့ကြောင်း” ထည့်သွင်းရေးသားခဲ့ပါတယ်။

လာလီဂါစည်းကမ်းထိန်းသိမ်းရေးရဲ့ စည်းမျဉ်း အပိုဒ် ၉၆ မှာ “ကစားသမားတစ်ဦးက ဒိုင်လူကြီးကို တွန်းခြင်း၊ ဆွဲခြင်း၊ ဆွဲကိုင်လှုပ်ခြင်းများပြုလုပ်ခဲ့ပြီး ဒိုင်က ထို့အတွက် အစီရင်ခံခဲ့ပါက ၄ ပွဲမှ ၁၂ ပွဲအထိ ပွဲပယ်ခံရမည်ဖြစ်ကြောင်း” ပါရှိပါတယ်။

ဒါကြောင့် စီရော်နယ်ဒိုအနေနဲ့ ရာသီမစတင်ခင်မှာပဲ ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေပါတယ်။ အနီကတ်ပြစ်ဒဏ်ကြောင့် အခုကြားရက်ထဲမှာ ထပ်မံကစားမယ့် စပိန်စူပါဖလားဒုတိယအကျော့ပွဲစဉ်ကိုတော့ စီရော်နယ်ဒိုလွဲချော်တော့မှာ ဖြစ်ပါတယ်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required