ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့စုံတွဲကို အားကျကြောင်း ပြောဆိုခဲ့သည့် ကင်မ်ဂျီဝမ်

ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့စုံတွဲကို အားကျကြောင်း ပြောဆိုခဲ့သည့် ကင်မ်ဂျီဝမ်

မင်းသမီးကင်မ်ဂျီဝမ်သည် ဇူလိုင်လ ၂၇ရက်နေ့တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ သူမသည် Descendants of the Sun တွင် အတူတွဲဖက်သရုပ်ဆောင်ခဲ့သည့် အနုပညာကြယ်ပွင့်များဖြစ်ကြသော ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့၏ မင်္ဂလာသတင်းနှင့် ပတ်သက်၍ ၀မ်းသာဂုဏ်ယူကြောင်း ပြောဆိုခဲ့သည်။

အဆိုပါစုံတွဲ၏ မင်္ဂလာသတင်းကို ထုတ်ပြန်မကြေညာမီ သူမအနေဖြင့် အစောပိုင်းကတည်းက ထိုသတင်းကို သိရှိခဲ့သလားဟု မေးမြန်းခဲ့ချိန်တွင် သူမက “ ကျမ အဲ့ဒီသတင်းကို သတင်းစာတွေ ဖတ်တဲ့အချိန်မှ သိလိုက်ရ တာပါ” ဟု ဖြေကြားခဲ့ပြီး အနုပညာကြယ်ပွင့်စုံတွဲအတွက် ၀မ်းသာပြီး စိတ်လှုပ်ရှားရကြောင်း ပြောခဲ့သည်။

ဆက်လက်ပြီး သူမက “ Descendants of the Sun ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်တွေထဲမှာ ကျမဟာ အသက်အငယ်ဆုံးပါ။ ဒါကြောင့် ကျမရဲ့ အခန်းကဏ္ဍအတွက် အထူးဂရုစိုက်နေရတာကြောင့် သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာကို သတိမထားမိခဲ့ပါဘူး” ဟုလည်း ပြောကြားခဲ့သည်။

ကင်မ်ဂျီဝမ်က “ ကျမသူတို့ကို ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ သိပ်ချစ်ရတဲ့သူနဲ့ဆုံတွေ့ရပြီး ကျန်ရှိနေတဲ့ ဘဝကို ထိုသူနဲ့လက်တွဲရတာဟာ တကယ့်ကိုပျော်ရွှင်စရာကောင်းပါတယ်။ ကျမသူတို့ကို အရမ်းအားကျမိပါ တယ်” ဟု ပြောခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required