အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရာထူးကနေ နှုတ်ထွက်

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရာထူးကနေ နှုတ်ထွက်

ဇူလိုင် ၂၂ ။                ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် ဆက်သွယ်ပြန်ကြားရေးဒါရိုက်တာသစ်တစ်ဦး ခန့်အပ်လိုက်ပြီး အချိန်ပိုင်းအတွင်းမှာပဲ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းနေတဲ့ Sean Spicer ရာထူးကနေ ချက်ချင်းနှုတ်ထွက်သွားခဲ့ပါတယ်။

ထရမ့်က အိမ်ဖြူတော် ဆက်သွယ်ပြန်ကြားရေး ဒါရိုက်တာသစ်အဖြစ်  Anthony Scaramucci ကို ခန့်အပ်လိုက်မှုအပေါ် သဘောမကျတဲ့အတွက် ယခုလို Spicer  ရာထူးကနေ နှုတ်ထွက်သွားတာဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

Mr Scaramucci ကို ပြန်ကြားရေးဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ပြီး Mr Spicer ကိုလည်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးတာဝန်ခံအဖြစ် ဆက်ရှိနေပေးဖို့ ထရမ့်က တောင်းဆိုခဲ့သေးတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ယင်းကမ်းလှမ်းမှုကို Spicer ကို လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ရာထူးလွှဲပြောင်းမှု အဆင်ပြေစေအောင် Spicer အနေနဲ့ လာမယ့် သြဂုတ်လထိတော့ ဆက်နေပေးဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုအခါမှာတော့ Spicer ရဲ့ လက်ထောက် Sarah Huckabee Sanders က အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် အစားထိုးတာဝန်ယူသွားတော့မှာလည်း ဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ သမ္မတ ထရမ့်အနေနဲပ ၂၀၁၆ ရွေးကောက်ပွဲ ရုရှစွက်ဖက်မှုကိစ္စ စုံစမ်းခံနေရလို့ ကမောက်ကမအခြေအနေတွေ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန် ယခုလို အိမ်ဖြူတော်အတွက် အရေးပါတဲ့ ပုဂ္ဂိုလ် Spicer နှုတ်ထွက်သွားမှုနဲ့ ထပ်မံကြံုတွေ့လိုက်ရတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required