ပိုလန်၌ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတစ်လုံးတွေ့ရှိမှုကြောင့် လူထောင်ပေါင်းများစွာ အရေးပေါ်ပြောင်းရွှေ့

ပိုလန်၌ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတစ်လုံးတွေ့ရှိမှုကြောင့် လူထောင်ပေါင်းများစွာ အရေးပေါ်ပြောင်းရွှေ့

ဇူလိုင် ၉ ။           ။ ပိုလန်နိုင်ငံ ဘီယာလီစတော့ခ်မြို့တွင် ပေါင် ၁၁၀၀ ခန့်ရှိသည့် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတစ်လုံးကို ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း ရှာဖွေတွေ့ရှိခဲ့သောကြောင့် လူပေါင်း ၁၀၀၀၀ခန့်ကို အာဏာပိုင်များက အရေးပေါ် နေရာပြောင်းရွှေ့ပေးခဲ့ရသည်။

ဘီလာရုစ်နိုင်ငံနယ်စပ်အနီးရှိ ပိုလန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ အကြီးဆုံးမြို့ဖြစ်သည့် ဘီယာလီစတော့ခ်၏ လမ်းမကြီးပေါင်း ၆၀ခန့်မှ နေထိုင်သူများနှင့် ဆင်ခြေဖုံးရပ်ကွက် ၂ခုအတွင်းရှိ လမ်းပေါင်း ၄၅လမ်း၌ နေထိုင်သူ များသည် ပေါက်ကွဲနိုင်သေးသော ဗုံးအန္တရာယ်ကြောင့် နေအိမ်မှထွက်ခွာသွားခဲ့ကြသည်။

စစ်သားများက အရပ်သားများကို အရေးပေါ်နေရာပြောင်းရွှေ့ရန် အကူအညီပေးနေစဉ်တွင် စစ်တပ်မှကျွမ်းကျင် သူများက ဗုံးကိုကရိန်းဖြင့်ဖယ်ရှားပစ်ခဲ့ပြီး စစ်အခြေစိုက်စခန်းသို့ ယူဆောင်လာခဲ့ကာ ထို့နောက်တွင် ဖောက်ခွဲပစ်မည်ဖြစ်ကြောင်း သိရသည်။

ပိုလန်နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မပေါက်ကွဲသေးသော ဗုံးများကို မကြာခဏဆိုသလို ရှာဖွေတွေ့ ရှိနေပြီး အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် မြို့၏ ၉၀ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရသော မြို့တော်ဝါဆောတွင် မကြာခဏဆိုသလို ရှာတွေ့လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required