ထရမ့်နှင့် ပူတင်တွေ့ဆုံပြီးနောက် ဆီးရီးယားအပစ်ရပ်ရေး ကြေညာ

ထရမ့်နှင့် ပူတင်တွေ့ဆုံပြီးနောက် ဆီးရီးယားအပစ်ရပ်ရေး ကြေညာ

ဟမ်းဘတ်၊ ဇူလိုင် ၈ ။               ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှသမ္မတတို့ ပူတင်တို့ကြား ဇူလိုင် ၇ ရက်က ပထမဆုံးလူချင်းတွေ့ဆုံမှု ပြီးဆုံးချိန်တွင် ဆီးရီးယားအနောက်တောင်ပိုင်းတွင် အပစ်ရပ်ရေးအစီအစဉ်ကို သဘောတူကြောင်း ကြေညာလိုက်နိုင်သည်။

ထိုပြင် ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးသွားရေးအတွက် နှစ်နိုင်ငံအပြန်အလှန် ဆက်သွယ်ရေး လမ်းကြောင်း ထားရှိသွားမည်လည်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးတို့သည် ပြီးခဲ့သည့်နှစ်က အမေရိကန်ရွေးကောက်ပွဲတွင် ရုရှခြေထိုးသည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးအဖြေရှာခဲ့ကြောင်း ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ကျင်းပသော ဂျီ ၂၀ ထိပ်သီးအစည်းအဝေးပြင်ဖက် ဆွေးနွေးမှုတွင် ပါဝင်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်က သတင်းထောက်များအား ပြောသည်။

ရွေးကောက်ပွဲခြေထိုးမှုနှင့် ပတ်သက်ပြီး သမ္မတနှစ်ဦး၏ အမြင်ချင်းဖလှယ် ဆွေးနွေးမှုသည် အားရစရာကောင်းကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပြီး ရုရှက အမေရိကန်ရွေးကောက်ပွဲ ဟတ်ကာတိုက်ခိုက်ခံရခြင်းများတွင် တာဝန်မရှိဟု ပူတင်၏ အခိုင်အမာဆိုချက်ကို ထရမ့်က လက်ခံသည်ဟု ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က ဆိုသည်။

ဆီးရီးယားအနောက်တောင်ပိုင်းတွင် တိုက်ပွဲများ အရှိန်မမြှင့်ရေးကိုလည်း နှစ်ဖက်စလုံးက စံထားသဘောတူညီမှု ရရှိခဲ့သည်ဟု ရက်ဇ်တေလာဆန်က ပြောသည်။

သီးခြားသတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ရုရှနိုင်ငံခြားရေးဝန်ကြီးက ယခုရရှိသော အပစ်ရပ်သဘောတူညီမှုသည် ဆီးရီးယား အချုပ်အခြာပိုင်မြေကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး ခြောက်နှစ်ကြာ   ဖြစ်ပွားနေသော ဆီးရီးယားပြည်တွင်းစစ်အား နိုင်ငံရေးပြေငြိမ်းမှုသို့ ဦးတည်စေလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required