ပီအက်စ်ဂျီတောင်ပံကစားသမား ဒီမာရီယာ ထောင်ဒဏ်တစ်နှစ် အမိန့်ချခံရ

ပီအက်စ်ဂျီတောင်ပံကစားသမား ဒီမာရီယာ ထောင်ဒဏ်တစ်နှစ် အမိန့်ချခံရ

ဇွန် ၂၂၊ ပဲရစ်။              ။ ပီအက်စ်ဂျီတောင်ပံကစားသမားဒီမာရီယာသည် အခွန်မသမာမှုပြုခဲ့သည်ဟု ဝန်ခံလိုက်ပြီးနောက် ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေ ပေါင် ၁ ဒသမ ၇၆ သန်းချမှတ်ခံရသည်။

မန်ယူတောင်ပံကစားသမားဟောင်းသည် အခွန်မသမာမှုကို တရားရုံးနှစ်ခုတွင်ဝန်ခံခဲ့ပြီး တစ်ခုစီမှ ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့သည်။

လက်ရှိပီအက်စ်ဂျီကစားသမားသည် ရီးယဲလ်မက်ဒရစ်အသင်းတွင်ကစားခဲ့စဉ် ၂၀၁၀ မှ ၂၀၁၄ အတွင်း ပေါင် ၁ ဒသမ ၁၄ သန်း ပမာဏရှိ အခွန်ရှောင်တိမ်းခဲ့ခြင်းဖြစ်သည်။

သို့သော် အသက် ၂၉ နှစ်အရွယ်ကစားသမားသည် ထောင်ဒဏ်ကို ကျခံရမည်မဟုတ်ပေ။ စပိန်ဥပေများအရ ရာဇဝတ်မှုနှင့် ပြစ်မှုဟောင်းမရှိသူများသည်   နှစ်နှစ်အောက်လျော့နည်းသော   ထောင်ဒဏ်ကို ကျခံရမည်မဟုတ်ဟု သတ်မှတ်ထားသည်။

အာဂျင်တီးနားကစားသမားသည် စပိန်တရားရုံးချုပ်တွင် တရားရင်မဆိုင်ရရေးအတွက် အာဏာပိုင်များနှင့် ညှိနှိုင်းမှုလည်း ပြုလုပ်ခဲ့သေးသည်။

ယမန်နှစ်က ဘာစီလိုနာကြယ်ပွင့်မက်ဆီနှင့် ၎င်း၏ဖခင်သည်လည်း အခွန်မသာမှုဖြင့် ထောင် ၂၁ လ အမိန့်ချခံခဲ့ရသေးသော် လည်း ထောင်ဒဏ်ကျခံခဲ့ရခြင်းမရှိပေ။

လက်ရှိတွင် မန်ယူနည်းပြမော်ရင်ဟိုနှင့် ရီးယဲလ်ကြယ်ပွင့် စီရော်နယ်ဒိုတို့သည်လည်း အခွန်မသမာမှုပြုခဲ့သည်ဟု စွဲချက်တင်ခံ ထားရသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly