၂၀၁၈ ပြံုချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် သီချင်းသီဆိုပေးမည့် BIGBANG အဖွဲ့ဝင် Taeyang

၂၀၁၈ ပြံုချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် သီချင်းသီဆိုပေးမည့် BIGBANG အဖွဲ့ဝင် Taeyang

နာမည်ကျော် တောင်ကိုရီးယား ပေါ့ပ်ဂီတအဖွဲ့ BIGBANG ၏ အဖွဲ့ဝင်ဖြစ်သူ Taeyang ကို လာမည့် ၂၀၁၈ ဆောင်းရာသီတွင် ကျင်းပမည့် ပြုံချမ်းအိုလံပစ်ပြိုင်ပွဲ၏ ဂုဏ်ထူးဆောင်သံတမန်အဖြစ် တရားဝင် ခန့်အပ်ခဲ့ သည်။

ဇွန်လ ၂၁ ရက်နေ့တွင် ပြုံချမ်းအိုလံပစ်ကော်မတီမှ ကြီးမှူးကျင်းပသော ခန့်အပ်ပွဲ၌ Taeyang သည် လာမည့် ၂၀၁၈ ပြုံချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် ဂုဏ်ပြုသီချင်းတစ်ပုဒ်   ရေးသားသီဆိုပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြုံချမ်းအိုလံပစ်ကော်မတီ၏ ဥက္ကဌဖြစ်သူ လီဟီးဘုံက “Taeyang ဟာ သူစင်ပေါ်မှာ အင်ပြည့်အားပြည့် ဖျော်ဖြေနေကြပုံစံမျိုးနဲ့ ဒီအိုလံပစ်ပြိုင်ပွဲမှာ သီဆိုဖျော်ဖြေပေးနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ဒါ့အပြင် သူဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်တာကြောင့် ပြုံချမ်းအိုလံပစ်ပြိုင်ပွဲကို တစ်ကမ္ဘာလုံးက စိတ်ဝင်စား လာအောင် ဆွဲဆောင်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ပြောခဲ့သည်။

ဒါ့အပြင် Taeyang ကလည်း “ ဂီတဟာ နိုင်ငံပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံကို တစ်ညီတစ်ညွတ်တည်း ပေါင်းစည်းနိုင်တယ်ဆိုတာ ကျနော် သိခဲ့ရပါတယ်။ လူအများအပြားဟာ သူတို့ရဲ့ အိပ်မက်တွေနဲ့ ဝါသနာပါရာ တွေကို ၂၀၁၈ ပြုံချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှတဆင့် ဖော်ပြနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required