မြစ်ဝကျွန်းပေါ်ဒေသတွင် ရေဖုံးလွှမ်းခံရမှု အများဆုံးဖြစ်

မြစ်ဝကျွန်းပေါ်ဒေသတွင် ရေဖုံးလွှမ်းခံရမှု အများဆုံးဖြစ်

သြဂုတ် ၄ရက် နံနက် ၃နာရီခွဲအချိန် တိုင်းထွာချက်အရ အထက်ပိုင်းဒေသများတွင် ရေကျဆင်းစ ပြုနေပြီး လက်ရှိတွင် မြစ်ဝကျွန်းပေါ် ဒေသများ၌ ရေဖုံးလွှမ်းမှု အများဆုံးဖြစ်နေသည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုသည်။

သထုံ၊ ခန္တီး၊ သာယာဝတီ၊ ဟင်္သာတ၊ ပုသိမ်၊ မအူပင်၊ ပဲခူး၊ ရန်ကုန် (မင်္ဂလာဒုံ) နှင့် ကျောက်ဖြူတို့တွင် ရေဖုံးလွှမ်းမှု အန္တရာယ် ဆက်လက်မြင့်မားနေဆဲ ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

မြစ်သကျွန်ပေါ်ဒေသများတွင် မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး မွန်-တနင်္သာရီ ကမ်းရိုး တန်းဒေသများတွင် မိုးအသင့်အတင့်ရွာလာနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည့်။ 

"မုတ်သုံလေကောင်းလာခဲ့ရင်တော့ တောင်ဖက်က တောင့်ခံတဲ့ရေတွေ တိုးလာနိုင်တာကြောင့် လက်ရှိ မြစ်၀ ကျွန်းပေါ်ဒေသရဲ့ရေကြီးမှုဟာ အချိန်ရော အရှိန်ရော တိုးလာနိုင်ပါတယ်။"ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် ၂၄နာရီအတွင်း ကချင်ပြည်နယ် မြောက်ဖျားစွန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း နဲ့ မြောက်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်မြောက်ပိုင်းဒေသများတွင် မိုးအများဆုံး ဖြစ်ခဲ့သည်ဟုလည်း ဆိုသည်။

သြဂုတ် ၃ရက်က စတင်ပြီး ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း နှင့် ကပ္ပလီပင်လယ်တို့တွင် မုတ်သုံလေအသစ်တိုးဝင်နိုင်သည်ဟု ဦးထွန်းလွင်က ခန့်မှန်းထားသည်။ ယင်းကို အကြောင်းပြုကာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နှင့် ကပ္ပလီပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ မကြာခဏကျရောက်လာနိုင်ပြီး ရေပြင်မြေပြင်လေဟာ တစ်နာရီ မိုင် (၃၀-၃၅)မိုင် ခန့်ထိ တိုက်ခတ်နိုင်သည်ဟု ၎င်းက ပြောသည်။

ယင်းအပြင်မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်၌ လှိုင်းအသင့်အတင့် ရှိနိုင်ကာ လှိုင်းအမြင့်ဟာ ၅ပေမှ ၇ပေခန့်ရှိနိုင်သည်။ ကိုကိုးကျွန်းပတ်ဝန်းကျင်တွင် လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ပေမှ ၁၀ပေခန့်ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required