ယာယာတိုရေးနှင့် မန်စီးတီးစာချုပ် သက်တမ်းတိုးရန် နီးစပ်နေ

ယာယာတိုရေးနှင့် မန်စီးတီးစာချုပ် သက်တမ်းတိုးရန် နီးစပ်နေ

မေ ၂၇၊ မန်ချက်စတာ။          ။ မန်ချက်စတာစီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးနေပြီဖြစ်သော ယာယာတိုရေးမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်သော အခြေအနေသို့   ရောက်ရှိနေပြီဖြစ်သည်။

မန်စီးတီးအသင်းမှာ ယခုနှစ် ဘောလုံးရာသီ အကုန်ကတည်းက ယာယာတိုရေးကို စာချုပ်သစ် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး တစ်နှစ်စာချုပ်သာ ကမ်းလှမ်းထားသည်။ လက်ရှိအချိန်တွင် တိုယေးမှာ မန်စီးတီးတွင် ဆက်ရှိရန် ဆန္ဒရှိနေပြီး စာချုပ်သစ်ချုပ်ဆိုဖွယ် ရှိနေသည်။

ကျွန်တော်စီးတီးကနေထွက်ရမယ်ဆိုရင် ဘောလုံးကစားတာကို အနားယူဖို့ဆုံးဖြတ်ထားပါတယ်။

အရိုးသားဆုံးဝန်ခံရရင် တစ်ခြားကလပ်အသင်းတစ်သင်းမှာ ကျွန်တော်မကစားချင်တော့ပါဘူး။ ဒါက ကျွန်တော့်အတွက် ခက်ခဲပါတယ်။ ဟု တိုယေးကပြောသည်။

ယာယာတိုယေးမှာ ၂၀၁၀ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက်ပွဲပေါင်း ၂၁၇ပွဲကစားထားကာ ၆၂ဂိုးသွင်းယူထားသည်။ ယာယာတိုယေးမှာ နည်းပြ ဂွာဒီယိုလာလက်ထက် ယခုနှစ်ဘောလုံးရာသီတွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required