YBS တွေ လေ့လာသင့်တဲ့ သစ်တောဥယျာဉ်တစ်ခုသဖွယ် အလှဆင်ထားတဲ့ ထိုင်ဝမ်ဘတ်စ်ကား

YBS တွေ လေ့လာသင့်တဲ့ သစ်တောဥယျာဉ်တစ်ခုသဖွယ် အလှဆင်ထားတဲ့ ထိုင်ဝမ်ဘတ်စ်ကား

မေ ၂၇ ။                      ။ ရေညှိတက်နေတဲ့ ထိုင်ခုံတွေ၊ စိမ်းစိုသန်စွမ်းနေတဲ့ သစ်ပင်တွေ၊ ပန်းမန်တွေနဲ့ ကားအတွင်းပိုင်းတစ်ခုလုံးကို ထူးထူးခြားခြား အလှဆင်ပေးထားတဲ့ ထိုင်ဝမ်က ဘတ်စ်ကားတစ်စီးကတော့ လိုက်ပါစီးနင်းသူ ခရီးသည်တိုင်းကို အထူးစိတ်ကြည်လင်လန်းဆန်းစေနိုင်ပြီး ထူးခြားတဲ့ ခံစားမှုရသတစ်ခုကို ပေးစွမ်းနိုင်မှာ အမှန်ပဲ ဖြစ်ပါတယ်။

မြို့တော်တွင်းမှာ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားနေကြရသူတွေကို မွန်းကျပ်ပိတ်လှောင်မှုတွေအောက်ကနေ တစ်ခဏတာ ကင်းဝေစေနိုင်အောင်လို့ ဆိုပြီး ယခုလို ဘတ်စ်ကားအတွင်း အစိမ်းရောင်ဥယျာဉ်သဖွယ် ထူးထူးခြားခြား ပြင်ဆင်ပေးထားပြီး စမ်းသပ်ပြေးဆွဲပေးနေတာဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

အဆိုပါ ဘတ်စ်ကားအတွင်းမှာတော့ သစ်ခွပန်းတွေ၊ နှင်းပန်းတွေ၊ အခြားသော အစိမ်းရောင်ပန်းပင်တစ်ချို့ကို ချိတ်ဆွဲပေးထားပြီး ခရီးသည်တွေကို အမြင်ဆန်းစေအောင် ဖန်တီးထားတာဖြစ်ကာ မြို့တော် တိုင်ပေမှာ အထူးလမ်းကြောင်းတစ်ခု သတ်မှတ်ပြေးဆွဲပေးနေတာဖြစ်ပါတယ်။

ယင်းအလှဆင်မှုကို ဖန်တီးခဲ့တဲ့ အယ်လ်ဖိုင် လင်ကတော့ သူ့အနေနဲ့ မြို့ထဲမှာ နေ့စဉ်အလုပ်ကိုယ်စီနဲ့ ရုန်းကန်သွားလာနေကြရသူတွေကို သဘာဝတရားကြီးရဲ့ အလှတရားနဲ့ ထိတွေ့ဆောင်ကြဉ်း   ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ယခုစိတ်ကူးကို ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

" ခုလို ကားထဲမှာဖန်တီးပေးထားတော့ လိုက်စီးမယ့် ခရီးသည်တွေအနေနဲ့ လှပပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံတစ်ခုလည်း ရမယ်၊ နောက်ပြီး ကားထဲမှာ နွေရနံ့လေးကိုပါ အာရုံခံစားနိုင်မှာ   ဖြစ်သလို သဘာဝတရားကြီးရဲ့ စိမ်းလန်းတဲ့ မြင်ကွင်းအလှတရားတွေကိုပါ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

အဆိုပါ ဘတ်စ်ကားကိုတော့ တစ်ပတ်ကြာ စမ်းသပ်ပြေးဆွဲပေးနေလျက်ရှိပြီး ခရီးစဉ်တစ်ကြောင်းကို ခရီးသည် ၂၀ လိုက်ပါ စီးနင်းနိုင်ကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required