စာကြည့်တိုက်နှင့် သမ္မတပြတိုက်ပုံဒီဇိုင်း အိုဘားမား ထုတ်ဖော်ပြသ

စာကြည့်တိုက်နှင့် သမ္မတပြတိုက်ပုံဒီဇိုင်း အိုဘားမား ထုတ်ဖော်ပြသ

၀ါရှင်တန်၊ မေ ၄ ။               ။ ချီကာဂိုတွင် ဖွင့်လှစ်ရန် ရည်မှန်းထားသည့် စာကြည့်တိုက်နှင့် သမ္မတပြတိုက်ပုံဒီဇိုင်းကို အမေရိကန်သမ္မတဟောင်း အိုဘားမားက ထုတ်ဖော်ပြသည်။

အဆိုပါ စာကြည့်တိုက်နှင့် သမ္မတပြတိုက်ကို လူငယ်နိုင်ငံရေးသမားများအတွက် လေ့ကျင့်ရေးအထောက်အကူအဖြစ် အိုဘားမားက ဖွင့်လှစ်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။

ဘားရတ်အိုဘားမားသမ္မတစင်တာကို သမ္မတဟောင်း အိုဘားမားက ၎င်းအနှစ်သက်ဆုံးမြို့ဖြစ်သည့် ချီကာဂိုမြို့က ဂျက်ဆန်ပတ်တွင် တည်ဆောက်မည်ဖြစ်သည်။ ယင်းစင်တာတွင် အဆောက်အအုံသုံးခု တည်ဆောက်မည်ဖြစ်ကာ ပြတိုက်၊ ဖိုရမ်နှင့် စာကြည့်တိုက်တို့ဖြစ်သည်။

အိုဘားမားဖောင်ဒေးရှင်းက တည်ဆောက်မည့် ယင်းပြတိုက်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံတည်ဆောက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အပြီးသတ်မည် မျှော်မှန်းထားသည်။

“သမ္မတစင်တာတည်ဆောက်ဖို့ ဇနီးသည် မစ်ရှယ်နဲ့ စပြီးဆွေးနွေးတိုင်ပင်ကတည်းက အနာဂတ်အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးချင်တဲ့ ဆန္ဒနဲ့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။”ဟု အိုဘားမားက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required