ဓာတုလက်နက်ကိစ္စကြောင့် ဆီးရီးယားလေတပ်စခန်းတစ်ခုကို အမေရိကန် ဒုံးကျည်ဖြင့် တိုက်ခိုက်

ဓာတုလက်နက်ကိစ္စကြောင့် ဆီးရီးယားလေတပ်စခန်းတစ်ခုကို အမေရိကန် ဒုံးကျည်ဖြင့် တိုက်ခိုက်

ဧပြီ ရ ။              ။  အပြစ်မဲ့အရပ်သားများစွာ သေဆုံးခဲ့ရသည့် ဓာတုလက်နက်တိုက်ခိုက်မှုကိစ္စပေါ်ပေါက်ပြီးနောက် ယခုအခါ ဆီးရီးယားလေတပ်စခန်းတစ်ခုကို အမေရိကန်စစ်တပ်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဧပြီ ၆ ရက်က ဆီးရီးယားလေတပ်အခြေစိုက် စခန်းတစ်ခုကို ပစ်မှတ်ထားကာ အမေရိကန်စစ်သင်္ဘောများက Tomahawk ခရုစ်ဒုံးကျည် ၅၉ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်ခဲ့သော ဆီးရီးယားလေတပ်စခန်းမှာ ဓာတုလက်နက်တိုက်ခိုက်မှု အစချီခဲ့သည့် မူလဘူတနေရာတစ်ခုဖြစ်သောကြောင်း ယင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ခြောက်နှစ်ကြာ ပြည်တွင်းစစ်ကာလအတွင်း သမ္မတ ဘာရှာအယ်လ် အာဆက် ဦးဆောင်သော ဆီးရီးယားအစိုးရအပေါ် အမေရိကန်တို့က ယခုတိုက်ခိုက်မှုဖြင့် ပထမဆုံးအကြိမ် တိုက်ရိုက် ကျူးလွန်လိုက်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အပြစ်မဲ့ အရပ်သားပေါင်းများစွာ သေဆုံးခဲ့ရသော ဓာတုလက်နက် တိုက်ခိုက်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ဒေါ်နယ်ထရမ့် အစိုးရက ယခု တိုက်ခိုက်မှုကို ညွှန်ကြားလုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ ဆီးရီးယားတွင် အမေရိကန်စစ်တပ်၏ တိုက်ရိုက်ပါ၀င်မှုက အာဆတ်အစိုးရကို ကျောထောက်နောက်ခံပေးထားသော ရုရှ၊ အီရန် တို့နှင့်ပါ ထိပ်တိုက်တွေ့ဆုံသွားတော့မည်လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly