အခုဘာသတင်းတွေ နားထောင်နေလဲ

အခုဘာသတင်းတွေ နားထောင်နေလဲ

အတာသင်္ကြန်ကာလရောက်ဖို့ တော်တော်လေးနီးလာပါပြီ။ သူငယ်ချင်းတို့ရေ သင်္ကြန်ဆိုတာနဲ့ ဘယ်လိုသီချင်းတွေက သူငယ်ချင်းတို့ ရင်ထဲမှာ ရှိနေလဲ။ ဒီတစ်ပတ် Yope ရဲ့ Brave Voice ကဏ္ဍကနေ တင်ဆက်ပေးထားပါတယ်။

 

 

 

“သင်္ကြန်မိုးပေါ့အဲ့ဒီစလာတဲ့ အပိုဒ်လေးကိုသဘောကျတယ်လေ” "မြူးကြွတဲ့တေးသံပျံ့လွင့်လို့နေကူးပြောင်းစ တန်ခူးလေမှာ"

 

 

 

 

“အရင်တုန်းကသီချင်းလေးတွေပေါ့စိတ်ထဲမှာပြန်အောက်မေ့တယ် အဲ့လိုပေါ့တူးပို့တူးပို့ပေါ့နော်သီချင်းမျိုးလေး တွေခံစားမိတာပေါ့ အဲ့လိုသင်္ကြန်နွေဦးတူးပို့တူးပို့မြူးတဲ့မြူးသံသာအဲ့လိုသီချင်းမျိုးလေးတွေကို ကျွန်တော်တို့ခံစား မိတာပေါ့ ကျွန်တော်တို့ဒါ ဟိုကိုယ်ဖြတ်သန်းလာတဲ့အတိုင်းအတာနဲ့ပေါ့နော် ကြံုခဲ့ရတဲ့ခေတ်ရေစီးကြောင်းအလိုက်ပေါ့ ဒီသီချင်းလေးတွေကိုရုတ်တရတ်သတိရမိတာပေါ့”

 

 

 

“သင်္ကြန်ဆိုလို့ရှိရင်တော့ပြောရမယ်ဆို မြနန္ဒာတို့ရှာပုံတော်မင်းသားကြီးတို့ အဲ့လိုသီချင်းလေးတွေကို မှတ်မိပါတယ် ငယ်ငယ်တုန်းကတည်းကအဲ့လိုသင်္ကြန်ရောက်ရင်လည်း အမြဲတမ်းရင်ခုန်ရတယ် သူငယ်ချင်းတွေနဲ့လည်း လျှောက်သွားတယ် ပြီးတော့ကိုယ်ချစ်ရတဲ့သူနဲ့လည်း လျှောက်သွားချင်တယ်ပေါ့ သင်္ကြန်ရက်ရောက်တိုင်းအရမ်းရင်ခုန်ရပါတယ်”

 

 

 

“သင်္ကြန်ကျရင် သတိရဆုံးသီချင်းကတော့ အာဇာနည်ဆိုထားတဲ့ အနီကတစ်မျိုးအဖြူကတစ်မျိုးဟာလေးကို သတိရပါတယ် အဲ့ဒီသီချင်းကိုကြိုက်ပါတယ်”

 

 

 

 

“ကျွန်တော်အခုသတိရတဲ့သီချင်းကတော့ အခုခေတ်ဆိုထားတဲ့သီချင်းပေါ့နော်။ တခြားမိန်းကလေးတွေ ဆိုထားတဲ့သီချင်း အဲ့ဒီသီချင်းပေါ့… အဲ့ဒီသီချင်းကို ကျွန်တော်ရုတ်တရတ်သတိရလိုက်တယ်။ သတိရတဲ့အခါမှာ အဲ့ဒီသီချင်းရဲ့ နာမည်ကယိမ်းသမလေးပေါ့ "ဟေး.ဟေး.ဟေး ယိမ်းသမလေးတွေရယ် ဘယ်ညာ.ဘယ်ညာ ယိမ်းလို့ကနေတယ်" အဲ့ဒီသီချင်းကို ကျွန်တော်ကောင်းကောင်းမှတ်မိနေပါတယ်။”

 

 

 

“သီချင်းခေါင်းစဉ်တော့မသိတော့ဘူး သီချင်းလေးဆိုပြမယ်နော် "အတာကူးတဲ့တန်ခူးလအချိန်အခါ နှစ်ကူးသင်္ကြန်မဟာ သူလေးနဲ့တွေ့ရပုံမှာ မေ့လည်းမမေ့နိုင်ပါ" အဲ့စာသားလေးပေါ့ကြိုက်တယ်ပေါ့”

 

 

 

“သင်္ကြန်ဆိုတာကြားလိုက်တာနဲ့ဒီသီချင်းလေးကကျွန်တော့်ရင်ထဲရောက်လာတဲ့သီချင်းလေးဗျ ကျွန်တော့်သူငယ်ချင်းတွေကကော ဘယ်လိုမျိုးသီချင်းတေ ွသူတို့ရင်ထဲရောက်နေမလဲဆိုတာ ကျွန်တော်အခုပဲသွားမေးလိုက်ပါဦးမယ်”

အချိန်တွေဘယ်လိုပဲပြောင်းလဲပြောင်းလဲ သင်္ကြန်ဆိုတာနဲ့မြန်မာသံစဉ်သီချင်းလေးတွေကကျွန်တော် တို့စိတ်ထဲမှာရှိနေဆဲပါပဲ ဒီဗီဒီယိုဖိုင်လေးကို ကြည့်နေတဲ့ကျွန်တော့်သူငယ်ချင်းတွေကကော  အခုဘာသင်္ကြန် သီချင်းကိုနားထောင်နေလဲ….

ကဲမကြာခင်ရောက်လာတော့မယ့် မဟာသင်္ကြန်မှာ ပျော်ရွှင်စွာဆင်နွှဲနိုင်ပါစေလို့ ကျွန်တော့်သူငယ်ချင်းတွေကို YOPE ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required