ဒမတ်စကပ်မြို့တော်က တရားရုံးနဲ့ စားသောက်ဆိုင်တို့မှာ နာရီပိုင်းအတွင်း အသေခံတိုက်ခိုက်မှုများ ဖြစ်ပွား

ဒမတ်စကပ်မြို့တော်က တရားရုံးနဲ့ စားသောက်ဆိုင်တို့မှာ နာရီပိုင်းအတွင်း အသေခံတိုက်ခိုက်မှုများ ဖြစ်ပွား

ဒမတ်စကပ်၊ မတ် ၁၅ ။              ။ ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကပ်က ဗဟိုတရားရုံးတစ်ရုံးကို အသေခံတိုက်ခိုက်၍ လူပေါင်း ၂၅ ဦး သေဆုံးပြီး နာရီအနည်းငယ်အတွင်းမှာ ဒုတိယမြောက် အသေခံဗုံးခွဲမှုတစ်ရပ်ထပ်မံဖြစ်ပွားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

“ဒမတ်စကပ်မြို့တွင်းက ရာဘဝီအရပ် စားသောက်ဆိုင်တစ်ဆိုင်အတွင်းမှာ အစွန်းရောက်တစ်ဦးက ဗုံးခါးပတ်နဲ့ သူ့ကိုကို ဖောက်ခွဲလိုက်တာဖြစ်တယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ   တော်တော်များများရှိပါတယ်။”လို့ နိုင်ငံပိုင် SANA သတင်းက ထုတ်လွှင့်ပါတယ်။

ဦးဆုံးတိုက်ခိုက်မှုအနေနဲ့ ဟာမီဒီယက်အရပ်က တရားရုံးမှာ အသေခံတိုက်ခိုက်မှုဖြစ်တာပါ။ ဒီတိုက်ခိုက်မှုအပြီး နှစ်နာရီအတွင်းမှာပဲ မြို့အနောက်ပိုင်းက စားသောက်ဆိုင်မှာ
အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့တာ  ဖြစ်ပါတယ်။

ဆီးရီးယားမှာ ၂၀၁၁ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဖြိုခွင်းနှိမ်နင်းရာက ထိပ်တိုက်တွေ့မှုတွေဖြစ်ပွားပြီး လူပေါင်း ၃၂၀၀၀၀ ကျော်ထက်မနည်း   သေဆုံးခဲ့ရတဲ့ ဖြစ်ရပ် ခြောက်နှစ်ပြည့်အဖြစ် ကျရောက်တဲ့ အချိန်မှာ ခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required