ဖိလစ်ပိုင်နိုင်ငံတွင် ထောင်ဖောက်မှု ဖြစ်ပွားပြီး အကျဉ်းသား ၁၃ ဦးခန့် ထွက်ပြေးလွတ်မြောက်

ဖိလစ်ပိုင်နိုင်ငံတွင် ထောင်ဖောက်မှု ဖြစ်ပွားပြီး အကျဉ်းသား ၁၃ ဦးခန့် ထွက်ပြေးလွတ်မြောက်

ယနေ့ တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်ရှိထောင်တစ်ခု၌ မူးယစ်ဆေးဝါးစွဲချက်များဖြင့် ရင်ဆိုင်နေရသည့် အကျဉ်းသား ၁၃ဦးသည် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒါဟာ ဖိလစ်ပိုင်နိုင်ငံတွင်း ဖြစ်ပွားနေသော ထောင်ဖောက်ပြေးမှုများတွင် နောက်ဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသား ၁၃ဦးသည် မနီလာမြို့မြောက်ပိုင်းမှ ဆန်ဖာနန်ဒိုမြို့တွင်ရှိသော ရဲဘက်စခန်း၏ အကျဉ်းစခန်းမှ အာရုဏ်မတက်မီအချိန်တွင် လစ်ထွက်သွားခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေးအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒါးရစ်အာနိုးကာရီရွန်က ပြောခဲ့သည်။

“သူတို့ဟာ သတ္တုအချုပ်ခန်းက သံချောင်းတွေကို လွှနဲ့ တိုက်ဖြတ်သွားခဲ့ပါတယ်” ဟု သူကပြောခဲ့ပြီး သူတို့လွှကို ဘယ်နေရာမှ ရခဲ့သလိုဆိုတာကို လောလောဆယ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖြည့်စွက်ပြောခဲ့ သည်။

ဖိလစ်ပိုင်နိုင်ငံရှိ ထောင်များသည် အကျဉ်းသား ထူထပ်ယုံသာမက၊ ပြုပြင်ထိန်းသိမ်းမှု ဆိုးရွားလွန်းပြီး အစောင့်ဦး ရေလည်း မလုံလောက်ကြောင်း သိရသည်။

ပြီးခဲ့သော ဇန်နဝါရီလကလည်း အကျဉ်းစခန်းသို့ရာနှင့် ချီသော သေနတ်သမားများ တရမ်းကြမ်းဝင်ရောက်လာပြီး နောက်တွင် အကျဉ်းသား ၁၅၀ခန့် လွတ်မြောက်သွားခဲ့ပြီး နိုင်ငံ၏ အကြီးမားဆုံးထောင်ဖောက်ထွင်းမှုအဖြစ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည်။

ဒါ့အပြင် ပြီးခဲ့သော ၂၀၁၆ ခုနှစ် သြဂုတ်လတွင်လည်း အိုင်အက်စ်တို့နှင့် မဟာမိတ်ဖြစ်သော အစွန်းရောက်မူစလင် အဖွဲ့ဝင်များသည် နိုင်ငံတောင်ပိုင်းရှိ အကျဉ်းစခန်းသို့ တရမ်းကြမ်းဝင်ရောက်ခဲ့ပြီး အကျဉ်းသား ၂၃ယောက်နှင့် အတူ ထောင်ဖောက်ပြေးခဲ့ကြသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required