လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့်စစ်ကောင်စီ တပ်သား ၃၂ ဦး အလင်းဝင်လာသည့် ရုပ်သံဖိုင် KNDF ထုတ်ပြန်

By မောင်ခက်နွေ(မဇ္ဈိမ)
17 November 2023
လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့်စစ်ကောင်စီ တပ်သား ၃၂ ဦး အလင်းဝင်လာသည့် ရုပ်သံဖိုင် KNDF ထုတ်ပြန်

လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ ခမရ ( ၆ ) ရဲ့  တပ်ခွဲမှူး အပါအဝင် စစ်ကောင်စီ တပ်သား ၃၂  ဦး လက်နက်ချ အလင်းဝင်လာတဲ့ ရုပ်သံဖိုင်ကို  KNDF က ထုတ်ပြန်လာပါတယ်။

လွိုင်ကော်တက္ကသိုလ်ထဲ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ခမရ (၄၂၅) တပ်ရင်းမှူး နဲ့ ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ် ရင်းလုံးနီးပါး သေဆုံးခဲ့တာပါ။

နိုဝင်ဘာ ၁၄ ရက်မှာတော့ ခမရ ( ၆ ) ရဲ့ အင်အား တဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ ညနေပိုင်းထိကြာမြင့်ခဲ့ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်သား ၃၂ ယောက်ကို KNDF က  အခွင့်အရေးပေးခဲ့တာကြောင့် လက်နက်ချ အညံ့ခံခဲ့တာလည်းဖြစ်ပါတယ်။

ဒီသတင်းအပြည့်အစုံကိုတော့ မဇ္ဈိမ ဝိုင်းတော်သား ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။

တင်ဆက်/တည်းဖြတ် - ခက်နွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly