ကက်ရှ်မီးယားဒေသတွင် အိန္ဒိယ စစ်ယာဉ်တန်းတစ်ခု ခြံုခိုတိုက်ခိုက်ခံရ၍ လေးဦး သေဆုံး

ကက်ရှ်မီးယားဒေသတွင် အိန္ဒိယ စစ်ယာဉ်တန်းတစ်ခု ခြံုခိုတိုက်ခိုက်ခံရ၍ လေးဦး သေဆုံး

ဖေဖော်ဝါရီ ၂၄ ။                     ။ ကက်ရှ်မီးယားဒေသတွင် ဖေဖော်ဝါရီ ၂၄ ရက်က အိန္ဒိယစစ်ယာဉ်တန်းတစ်ခုကို သောင်းကျန်းသူများက ခြုံခိုတိုက်ခိုက်ခဲ့၍ စစ်သားသုံးဦးနှင့် အရပ်သူတစ်ဦး တို့ သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ နောက်ထပ် စစ်သားသုံးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ဆိုသည်။

အဆိုပါ စစ်ယာဉ်တန်းမှာ အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးတာဝန်တစ်ခု ထမ်းဆောင်ပြီးအပြန် Shopian ဒေသတွင် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသွားသည်။

ယခု ဖြစ်စဉ်တွင် သေဆုံးသွားခဲ့သည့် အမျိုးသမီးမှာ သူမ၏နေအိမ်၌ ရှိစဉ်ပင် လမ်းကြောင်းလွဲလာသည့် ကျည်ဆန်ထိမှန်ကာ သေဆုံးသွားရခြင်းဖြစ်ကြောင်းလည်း ဒေသရဲတပ်ဖွဲ့အကြီးအကဲ Tahir Saleem က ပြောသည်။

ခြုံခိုတိုက်ခိုက်သူ ရန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် ယခုအခါ ၎င်းတို့နောက်သို့ လုံခြုံရေးတပ်ဖွဲ့များ လိုက်လံရှာဖွေနေကြောင်းလည်း တစ်ခြား ရဲအရာရှိတစ်ဦးက ပြောသွားသည်။

အဆိုပါ ဒေသတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များကတည်းက အိန္ဒိယစစ်တပ်နှင့် သောင်းကျန်းသူ အုပ်စုများအကြား တိုက်ပွဲများ ဖြစ်ထားခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required