ဒေါ်နယ်ထရမ့်ဆန့်ကျင်ချီတက်ပွဲတွင် ဝင်းဂါးထွက်သွားဆိုသည့်ဆိုင်းဘုတ်ကိုင်ကာ အာဆင်နယ်ပရိသတ်တစ်ဦး ဆန္ဒပြ

ဒေါ်နယ်ထရမ့်ဆန့်ကျင်ချီတက်ပွဲတွင် ဝင်းဂါးထွက်သွားဆိုသည့်ဆိုင်းဘုတ်ကိုင်ကာ အာဆင်နယ်ပရိသတ်တစ်ဦး ဆန္ဒပြ

ဖေဖော်ဝါရီ ၂၂၊ လန်ဒန်။             ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုဆန့်ကျင်သည့် ချီတက်ပွဲတွင် အာဆင်နယ်ပရိသတ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး ဝင်းဂါးထွက်သွား ဆိုသည့်ဆိုင်းဘုတ်ကိုကိုင်ကာ ၎င်း၏ စိတ်ပျက်မှုကိုပြသခဲ့သည်ဟု The Sun သတင်းတွင်ဖော်ပြထားသည်။

မူဆလင်နိုင်ငံအချို့၏ နိုင်ငံသားများကို အမေရိကန်နိုင်ငံအတွင်းပြည်ဝင်ခွင့်ပိတ်သည့် သမ္မတထရမ့်ကို အများစုက သဘောကျ ခြင်းမရှိဘဲ ထရမ့်၏အင်္ဂလန်ခရီးစဉ်ကိုကန့်ကွက်သည့်အနေဖြင့် လန်ဒန်မြို့ရှိ အင်္ဂလန်လူထုထောင်ချီက ဝက်စ်မင်စတာသို့ လမ်းလျှောက်ချီတက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

သို့သော် ယင်းဆန္ဒပြပွဲမှာ အာဆင်နယ်ပရိသတ်တစ်ဦးအတွက်မူ နည်းပြအာစင်ဝင်းဂါးကိုဆန့်ကျင်ကြောင်းလူပိုသိစေမည့် အခွင့်အလမ်းတစ်ခုဖြစ်စေခဲ့သည်။

မမျှော်လင့်ဘဲ ချယ်လ်ဆီးနှင့် ဘိုင်ယန်မြူးနစ်တို့ကို အကြီးအကျယ်ရှုံးပြီးနောက် မကြာသေးခင်ရက်သတ္တပတ်အတွင်း အာဆင်နယ်နည်းပြမှာ ဖိအားများအောက်ရောက်ခဲ့ရသည်။

ပရီးမီးယားလိဂ်ဖလားနှင့် ၁၂ နှစ်ဆက်လွဲချော်နေပြီး လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရန်လည်းရုန်းကန်နေရမှုကြောင့် ပရိသတ်အများစုမှာ ပြင်သစ်လူမျိုးနည်းပြကို ရာထူးမှထွက်စေချင်နေကြသည်။

သို့သော်ထူးခြားမှုမရှိသဖြင့် မကျေနပ်မှုများပိုမိုကြီးထွားလာနေခြင်းဖြစ်သည်။ အာဆင်နယ်သို့ ၁၉၉၆ တွင်ရောက်ရှိခဲ့သည့် အာစင်ဝင်းဂါးသည် အာဆင်နယ်နည်းပြသက်တမ်းနှစ် ၂၀ ကျော်လာပြီဖြစ်သည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required