၂၀၂၀တွင် ကျေးရွာများအားလုံး မီးလင်းရန် နှင့် မူလတန်းကျောင်းရှိရန် NLD အစိုးရ ရည်မှန်းထား

၂၀၂၀တွင် ကျေးရွာများအားလုံး မီးလင်းရန် နှင့် မူလတန်းကျောင်းရှိရန် NLD အစိုးရ ရည်မှန်းထား
(ဓာတ်ပုံ-မဇ္ဈိမ)

မန္တလေး၊ ဖေဖော်ဝါရီ ၇ ။            ။ NLD အစိုးရအနေဖြင့် ၂၀၂၀ခုနှစ်တွင် ကျေးရွာများအားလုံး မီးလင်းရန်နှင့် မူလတန်းတစ်ကျောင်းရှိရန် ရည်မှန်ချက်ထားလုပ်ဆောင်နေသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဇာနည်အောင်က မဇ္ဈိမကိုပြောသည်။

"အခု ကျွန်တော်တို့ဟာ NLD အစိုးရဟာ ၂၀၂၀မှာ ကျေးရွာတိုင်း၊ ကျေးရွာတိုင်းမီးလင်းရမယ်။ ကျေးရွာတိုင်း၊ ကျေးရွာတိုင်း အနည်းဆုံး မူလတန်းကျောင်းတစ်ကျောင်းရှိရမယ်။ ကျေးရွာချင်းဆက် လမ်းကွန်ယက်တွေပြီးရမယ်လို့ ဒါကျွန်တော်တို့ရဲ့ရည်မှန်းချက်ပဲ။"ဟု ဝန်ကြီး ဦးဇာနည်အောင်ကပြောသည်။

ထိုသို့ ရည်မှန်းချက်အောင်မြင်ရန်မှာ ပြည်တွင်းစစ်ပွဲများ ရပ်ဆဲရန်လိုသည်ဟုလည်း ဝန်ကြီးဦးဇာနည်အောင်ကဆိုသည်။ ဆက်လက်၍ ဝန်ကြီးဦးဇာနည်အောင်က စစ်ပွဲအသုံးစရိတ်များ များနေခြင်းကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် နှောင့်နှေးနေသည်ဟုလည်း ၎င်း၏အမြင်ကိုပြောသည်။

"စစ်စရိတ်ဆိုသည်မှာ ကျွန်တော်ပြောချင်တာက တပ်မတော်တစ်ခုတည်းက သုံးတဲ့ အသုံးစရိတ်ကို မဆိုလိုပါဘူး။ စစ်ပွဲ ဒီစစ်ပွဲကြီးထဲမှာ ပါဝင်ဆောင်ရွက်နေကြတဲ့အားလုံး ခြေထောက်ကနေ ဦးထုတ်။ ပြီးတော့ ခဲယမ်းမီးကျောက်၊ သုံးစွဲတဲ့ယာဉ်ယန္တယားအားလုံး ဒီငွေကြေးတွေဟာ ကျွန်တော်တို့နိုင်ငံတော်ရဲ့ဘတ်ဂျက်တွေပါ။ ဒါတွေဟာ ကျွန်တော်တို့ရဲ့တည်ဆောက်ရေးလုပ်ငန်းတွေ၊ ပညာရေးတွေ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးလုပ်ငန်းတွေ သုံးစွဲလို့ရပါတယ်။"ဟု ဝန်ကြီးဦးဇာနည်အောင်ကပြောသည်။

နိုင်ငံဖွံ့ဖြိုးမှုများလုပ်ဆောင်ရန် ပြည်တွင်းစစ်ပွဲများရပ်တန့်သွားရန်လိုသည်ဟု ဝန်ကြီးဦးဇာနည်အောင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required