နယ်စပ်တံတိုင်းဆောက်ရန်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်များ ဒေါ်နယ်ထရမ့် လက်မှတ်ထိုးထုတ်ပြန်

နယ်စပ်တံတိုင်းဆောက်ရန်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်များ ဒေါ်နယ်ထရမ့် လက်မှတ်ထိုးထုတ်ပြန်

ဇန်နဝါရီ ၂၆ ။                 ။ ရွေးကောက်ပွဲကတိကဝတ် ပြောစကားများအတိုင်း ဆက်တိုက်အကောင်အထည်ဖော်လာနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုအခါတွင်လည်း မက္ကဆီကိုနှင့်အကြား နယ်စပ်တံတိုင်း စတင်တည်ဆောက်ရေးကိစ္စပါဝင်သည့် အမိန့်ထုတ်ပြန်ချက်ကို လက်မှတ်ထိုးထုတ်ပြန်လိုက်သည်။

ဇန်နဝါရီ ၂၅ ရက်က လက်မှတ်ထိုးထုတ်ပြန်လိုက်သည့် အမိန့်ညွှန်ကြားချက်များထဲတွင် အမေရိကန်-မက္ကဆီကိုအကြား နယ်စပ်တံတိုင်းတစ်ခု တည်ဆောက်ရန် ဗဟိုရန်ပုံငွေခွဲဝေချထားပေးမည့် အစီအစဉ်မှာ အဓိကပါဝင်လာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နယ်စပ်တံတိုင်း ဆောက်လုပ်ရေးလုပ်ငန်း စတင်ရန် ထရမ့်၏ ညွှန်ကြားချက်ထုတ်ပြန်မှုအပေါ် မက္ကဆီကိုဘက်က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သွားခဲ့သည်။ ယခုကဲ့သို့ တံတိုင်းတည်ဆောက်ရေး စတင်တော့မည့် ထရမ့်၏ အစီအစဉ်ကို မက္ကဆီကို သမ္မတ အင်းနရစ် ပီနာ နီတိုက ထုတ်ဖော်ပြစ်တင်သွားခဲ့သည်။

တစ်ဆက်တည်းမှာပင် ယခုကိစ္စကြောင့် လာမည့်သီတင်းပတ်အတွင်း ထရမ့်နှင့် တွေ့ဆုံမည့်အစီအစဉ်ကိုလည်း ဖျက်သိမ်းရန် မက္ကဆီကို အတိုက်အခံခေါင်းဆောင်များကို သမ္မတ ပီနာ နီတိုအား တောင်းဆိုခဲ့ကြောင်း သိရသည်။

အလားတူ နိုင်ငံတွင်းရှိ မြို့များတွင်လည်း အထောက်အထားမဲ့ ရွှေ့ပြောင်းများကို အကာအကွယ်ပေးကာ လက်ခံပေးထားသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသွားမည့် အဆိုပြုချက်များပါဝင်သော လူဝင်မှုကြီးကြပ်ရေး ညွန်ကြားချက်များကိုလည်း လက်မှတ်ထိုးထုတ်ပြန်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required