ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း လင်ဒဲလ်လော့ကို မန်ယူကမ်းလှမ်းမည်မဟုတ်

ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း လင်ဒဲလ်လော့ကို မန်ယူကမ်းလှမ်းမည်မဟုတ်

ဒီဇင်ဘာ ၂၉၊ မန်ချက်စတာ။           ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်းတွင် ဘင်ဖီကာနောက်ခံလူ လင်ဒဲလ်လော့ကို ကမ်းလှမ်းမည်မဟုတ်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟိုသည် အသက် ၂၂ နှစ်အရွယ် ဆွီဒင်ဗဟိုနောက်ခံလူကို စိတ်ဝင်စားနေသည်ဟု သတင်းများက ဖော်ပြနေကြသည်။

သို့သော်လည်း ဖီးလ်ဂျံုးစ်နှင့် မာကိုရိုဟိုတို့သည် ဗဟိုနောက်ခံနေရာများတွင် အားကိုးရနေသဖြင့် လူသစ်ထပ်ခေါ်ရန်မလိုဟု နည်းပြမော်ရင်ဟိုကို ဆွဲဆောင်သကဲ့သို့ဖြစ်နေသည်။

ပေါ်တူဂီလူမျိုးနည်းပြအတွက် ဗဟိုနောက်ခံနေရာတွင် ဘိုင်ယီ၊ စမောလင်းနှင့် ဘလိုင်းတို့လည်း ရှိနေကြသည်။ လင်ဒဲလ်လော့ သည် အိုးထရက်ဖို့ဒ်သို့ပြောင်းပါက ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းနှင့် ၄၂ သန်းကြားရနိုင်သဖြင့် ဘင်ဖီကာအသင်းအတွက် စျေးအကြီးဆုံးနောက်တန်းကစားသမားဖြစ်လာနိုင်သည်ဟု ပေါ်တူဂီတွင် သတင်းများထွက်ပေါ်နေသည်။

ဖီးလ်ဂျံုးစ်နှင့်ရိုဟိုသည် ဆွမ်ဆီးကို ၃-၁ ဂိုးဖြင့်နိုင်သည့် နိုဝင်ဘာ ၆ ရက်မှစတင်ပြီး ပထမဆုံးတွဲဖက်ကစားခဲ့ကြရသူများဖြစ်ပြီး ယူနိုက်တက်သည် ၂၀၁၃ တွင်အနားယူသွားသည့် ဖာဂူဆန်လက်ထက်က အကောင်းဆုံးစွမ်းဆောင်မှုထက် တစ်ပွဲသာလျော့ နည်းကာ ၁၁ ပွဲဆက် ရှုံးပွဲမရှိ ရလဒ်ထွက်ပေါ်ထားသည်။

ယင်း ၁၁ ပွဲတွင် ဗဟိုနောက်ခံလူများအဖြစ် ဂျံုးစ်နှင့် ရိုဟိုတို့ တွဲဖက်ကစားသည့်ပွဲ ကိုးပွဲထိရှိပြီး ခုနစ်ဂိုး ပေးထားရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required