ဘဏ္ဍာနှစ်ကုန်ဆုံးရန် ၃ လအလို ရန်ကုန်တိုင်းစည်ပင်မှ လိုအပ်ငွေ ဘတ်ဂျက်သန်း ၈ထောင်ကျော် တောင်းခံထား

ဘဏ္ဍာနှစ်ကုန်ဆုံးရန် ၃ လအလို ရန်ကုန်တိုင်းစည်ပင်မှ လိုအပ်ငွေ ဘတ်ဂျက်သန်း ၈ထောင်ကျော် တောင်းခံထား
စက်တင်ဘာ ၂၉ရက်တွင် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကျင်းပနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- မျိုးသူအောင်/မဇ္ဈိမ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။            ။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ၃ လအလိုတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့တို့၏ အသုံးစရိတ်အဖြစ် ကျပ်ငွေ သန်း ၈ထောင်ကျော်အား တိုင်းလွှတ်တော်သို့ ယနေ့တောင်းခံထားသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ တွင် ပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ   နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တင်သွင်းခဲ့ပြီး ဘတ်ဂျက် သန်း ၈ထောင်ကျော် တောင်းခံထားခြင်းဖြစ်သည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ သာမန်အသုံးစရိတ် ကျပ်သန်း ၂၀၉၈.၄၅၅ သန်းနှင့် အဖွဲ့အစည်းများတွင် ရင်းနှီးမြှုပ်နှံငွေ ကျပ်သန်း ၅၀၀၀ ၊ စုစုပေါင်း ရ၀၉၈.၄၅၅သန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ၏ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ကျပ် ၁၆၅၂ သန်း ဖြင့် စုစုပေါင်း ကျပ်သန်းပေါင်း ၈၇၅၀.၄၅၅ သန်းကို တောင်းခံထားသည်။

အဆိုပါ ဘတ်ဂျက်အတွက် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက "တိုင်းဒေသကြီး၏ မြို့တော်အင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးရေးနဲ့ စည်ပင်သာယာရေးလုပ်ငန်းများအတွက် ခွဲဝေရရှိတဲ့ ခွင့်ပြုငွေအတွင်းမှာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး လျာထားရေးဆွဲထားခြင်းဖြစ်ပါတယ်" ဟု တိုင်းလွှတ်တော်၌ တောင်းခံမှုနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည်။

အဆိုပါဘတ်ဂျက်တောင်းခံမှုဥပဒေကြမ်းကို ဒီဇင်ဘာ ၂၇ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေနွေးကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required